အမေရိကန်နိုင်ငံသား အားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်ပြီး ဒေါ်နယ်ထရန့်ရဲ့အမိန့်ကို ချဒ်နိုင်ငံ တုံ့ပြန်
အန်ဂျမင်း၊ ဇွန်-၆-၂၀၂၅
ရတီ(VOM)
ဗဟိုအာဖရိကနိုင်ငံဖြစ်တဲ့ ချဒ်သမ္မတနိုင်ငံဟာ အမေရိကန်ရဲ့ ဗီဇာပိတ်ပင်မှုစာရင်းမှာပါဝင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားအားလုံးကို ဗီဇာပိတ်ပင်လိုက်ပြီး ထရန့်ရဲ့ အစီအစဉ်ကို လက်တုံ့ပြန်လိုက်ပါတယ်။
ချဒ်နိုင်ငံမှာ လေယာဉ်ပျံတွေ ၊ ဒေါ်လာ ဘီလီယံများစွာမရှိပေမယ့် ချဒ်နိုင်ငံမှာ ဂုဏ်သိက္ခာနဲ့ မာနရှိတယ်လို့ ချဒ်သမ္မတ မဟာမက်အိုင်ဒရစ်ဒီဘီက ပြောပါတယ်။ အာဖရိကဟာ ဒေါ်နယ်ထရန့် ဗီဇာပိတ်ပင်မှုကို အဆိုးဆုံးခံရတဲ့ တိုက်ကြီးဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ဒီပိတ်ပင်မှုကို တုံ့ပြန်မှုအဖြစ် အမေရိကန်နိုင်ငံသားအားလုံးကို ဗီဇာပိတ်ပင်မယ့် အစီအစဉ်ဟာ လာမယ့် တနင်္လာနေ့မှာ စတင်သက်ဝင်မယ်လို့ ချဒ်သမ္မတက ပြောပါတယ်။
ဒေါ်နယ်ထရန့် ဗီဇာအလုံးစုံ ပိတ်ပင်တဲ့ နိုင်ငံတွေကတော့ ချဒ်၊ ကွန်ဂို-ဘရာဇာဗီးလ်၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်တို့အပြင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ဟေတီ၊ အီရန်နဲ့ ယီမင်နိုင်ငံသားတွေကို အမေရိကန်ကို လာရောက်ခွင့် တားမြစ်ခဲ့ပါတယ်။
ဒါအပြင် ဘူရွန်ဒီ၊ ဆီရာလီယွန်၊ တိုဂို၊ ကျူးဘား၊ လာအို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံသားများကို ခရီးသွားလာခွင့် တစိတ်တပိုင်းကန့်သတ်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ "ကျွန်ုပ်တို့ကို အန္တရာယ်ပြုလိုသော လူများကို ့နိုင်ငံအတွင်းသို့ ဝင်ခွင့်မပြုပါ" လို့ လူမှုကွန်ရက်မှာတင်ထားတဲ့ ပို့စ်တခုမှာ ဒေါ်နယ်ထရန့်ကပြောပါတယ်။
Ref:BBC
Photo:Getty Images

image