ဘယ်သူက စပြီး တောင်းပန်စကားပြောပြော
ပြဿနာပြီးသွားဖိုက အဓိကပဲ၊
ဘယ်သူက စချော့ချော့
အဆုံးမှာ ရယ်နေနိုင်ကြဖိုပဲလိုတာ။

ဘယ်သူ့ဘက်က စမှားမှား
ခွင့်လွှတ်နိုင်သေးရင် အဆင်ပြေနိုင်ကြတာပဲ၊
ဘယ်သူ့ဘက်က လျှော့ပေးပေး
လက်မလွှတ်ကြသ၍ ရှေ့ဆက်လိုရနိုင်တာပဲ။

ချစ်တဲ့သူဟာ အထိအခိုက် မခံဘူး
အနာတရတွေ မပေးဘူးဆိုတာယုံ
ပျော်အောင်ထားချင်တာက ချစ်တဲ့သူတိုင်းရဲ့ဆန္ဒပဲ
လူတစ်ယောက်ဆီမှာ အရေးပါဖိုက
သူ့ဘဝထဲ မင်းကိုအမြဲ လိုအပ်သွားနေဖိုပဲလိုတာ။

image