3 ပတ် - ဘာသာပြန်ပါ။

ONE နဲ့ UFC အကြား ကွာခြားချက်လေး ပြောပြပါဦး?
********
"အကြီးမားဆုံး ကွာခြားချက်ကတော့ အခု ကျနော် ပွဲတွေ အဆက်မပြတ်ရနေတာပါပဲ။
ONE မှာ တုန်းကတော့ ကိုယ်ကပဲ ပွဲဖန်တီးပေးဖို့ ဆက်တိုက် တောင်းဆိုခဲ့ရတယ် ၊ တစ်ခါတလေ ပွဲရဖို့ နှစ် နဲ့ ချီအောင် စောင့်ဆိုင်းရတယ်။
နောက်ဆုံးတော့ ကျနော်လဲ အဆက်မပြတ်ပွဲထိုးရတဲ့ ပုံစံမျိုး ရလာပါပြီ။
ဒီမှာက ကိုယ်လိုချင်တဲ့ ပွဲအရေတွက် ပုံစံမျိုးထက်တောင် ပိုစိပ်တယ် ထင်ပါတယ်။
UFC ကို ရောက်လာတာ သိပ်ကို ကောင်းလွန်းပါတယ်။ ဖိုက်တာတိုင်းအတွက် နောက်ဆုံးပန်းတိုင် နေရာမျိုးပါပဲ။
ကျန်တဲ့အပိုင်းတွေကတော့ နည်းနည်းလေးမှကို ယှဉ်ပြောလို့ မရပါဘူး။
လက်ရှိ ပစ်မှတ်ကတော့ UFC ချန်ပီယံ ဖြစ်လာဖို့ပေါ့။ ရောဘတ်နဲ့ ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ချပြနိုင်မယ် ဆိုရင် ချန်ပီယံ ခါးပတ် စိန်ခေါ်ခွင့်နဲ့ အများကြီး နီးစပ်သွားနိုင်ပါတယ်"
ရိုင်နီယာ ဒီရစ်ဒါ

image