ကျနော်တို့ ချင်းတောင်တန်းက ကြယ်ပွင့်လေးရဲ့ တောက်ပလာနေမှုတွေက တဖြေးဖြေးနဲ့ အငြင်းပွားစရာမလိုအောင် ဖြစ်လာပါပြီ။
ဒီပတ် သူထိုးရမယ့်ပွဲက UFC ဖိုက်တာဘ၀ အဌမမြောက်ပွဲစဉ် ဖြစ်ပါတယ်။
ပရိုမိုးရှင်းဘက်က သူ့ တွဲဆိုင်းက Main Card အောက်ထိ မပို့သေးပေမယ့် ၊ အများကြီး အလေးနက်ထားတယ် ဆိုတာ ပေါ်လွင်လာပါတယ်။
ဘယ်အချက်နဲ့ တိုင်းတာကြည့်တာလဲ ဆိုတော့ မနေ့ညက တင်သွားခဲ့တဲ့ UFC 316 Embedded: Vlog Series - Episode 3 မှာ ချင်းလေး နဲ့ သူ့ ဆရာ ဘောက်ဆင် နည်းပြကြီးတို့ရဲ့ အကြောင်းကိုပါ ထည့်သွင်း ရိုတ်ကူး ဖော်ပြပေးသွားတာပါ။
Prelims ခေါင်းစဉ်အောက်မှာ ထိုးရတဲ့ ဖိုက်တာ တစ်ယောက်အနေနဲ့ ဒီလို ပွဲကြို ချဉ်းကပ်တဲ့ Video မျိုးမှာ ပါဝင်ခွင့်ရဖို့ က အတော်ရှားပါတယ်။
PPV ရောင်းကောင်းဖို့အတွက် Main Card က ဖိုက်တာတွေကိုပဲ ဦးစားပေး ဖော်ပြလေ့ရှိတာပါ။
ဒါပေမယ့် ပရိုမိုးရှင်းကတော့ နည်းပြကြီး ဟိုဆေး ဗက်စ်ကွက်ရဲ့ Gym အထိ လာရောက်ပြီး ချင်းလေး အတွက် ရိုတ်ကူးရေးတွေ လုပ်ကာ တကူးတက ဖော်ပြသွားပါတယ်။
ဒါတင်မကသေးပါဘူး။
Youtube ပေါ်မှာလဲ သူ့ရဲ့ ပွဲစဉ်တွေ အကုန်လုံးကို တစ်ပြိုင်နက်စုစည်းကာ "အမြင့်ဆုံးထိ တက်လှမ်းပြတော့မှာလား" ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ ထပ်ပြီး တင်သေးတာပါ။
ပရိုမိုးရှင်းဘက်ကတော့ သူ့ရဲ့ ပရိသတ်ဝန်းရံမှု ဘယ်လောက်များတယ် ၊ အလားလာ ဘယ်လောက်ကောင်းတယ် ဆိုတာကို ကောင်းကောင်းကြီး သတိထားမိနေပါပြီ။
တကယ်လက်တွေ့ အကောင်ထည်ဖော်နိုင်အောင် ကြိုးစားပြဖို့ပဲ လိုတော့တာပါ။
💪💪💪

