3 ပတ် - ဘာသာပြန်ပါ။

ကြိုးစားတဲ့သူတိုင်း လက်ကိုင်ထား မှီငြမ်းရမယ့် Merab Dvalishvili
***********
ဒီတစ်ပတ် တနင်္ဂနွေနေ့ မနက်ပိုင်းရောက်ရင် UFC 316 ပြိုင်ပွဲကြီးကို ကျင်းပတော့မှာပါ။
အဓိက ခေါင်ပွဲကြီးအဖြစ် Merab Dvalishvili ရဲ့ ဘန်တမ်ဝိတ် ချန်ပီယံခါးပတ်ကို ရှောင်အိုမဲလီက စိန်ခေါ်ထိုးမှာ ဖြစ်ပါတယ်။
တကယ်တော့ မာရက် ဟာ အခုလို ပရိသတ်တိုင်းက လေးစားမှု အပြည့်ပေးရလောက်တဲ့ UFC ချန်ပီယံဂုဏ်ပုဒ်ကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။
တိတိကျကျ ပြောရရင် UFC ဖိုက်တာ တစ်ယောက်ဖြစ်လာဖို့တောင် အခက်ခဲပေါင်းများစွာကနေ ကျော်ဖြတ်ခဲ့သူပါ။
MMA ဖိုက်တာ တစ်ယောက်ဖြစ်ချင်လွန်းတဲ့ အတွက် ဂျော်ဂျီယာ ကနေ အမေရိကားကို ပြောင်းရွှေ့လာခဲ့ပါတယ်။
အစောပိုင်းမှာ ဆောက်လုပ်ရေး လုပ်သားအဖြစ် လုပ်ကိုင်ရင်းကနေ လမ်းကြောင်းတစ်ခုရအောင် မနည်းကြိုးစားရှာဖွေခဲ့ရတာပါ။
အခြေနေတွေက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာလို့ သူ့ရဲ့ အိပ်မက်ကိုတောင် စွန့်လွှတ်ဖို့ စိတ်ကူးနေပါပြီ။
အဲဒီလို အချိန်မျိုးမှာ နာမည်ကြီး နည်းပြ Ray Longo နဲ့ ချိတ်မိပြီး MMA ဘက်ကို လျှောက်လှမ်းနိုင်ဖို့ လမ်းကြောင်းတွေ စတင်ပွင့်လာပါတယ်။
ဒါပေမယ့် UFC ဖိုက်တာဘ၀ ကန့်လန့်ကာ အဖွင့်ကလဲ လှပခဲ့တာ မဟုတ်ပြန်ပါဘူး။
သူဟာ UFC စင်မြင့်ထက် ကနဦးထိုးတဲ့ ၂ ပွဲစလုံး ရှုံးပါတယ်။
တော်ရုံ ဖိုက်တာ တစ်ယောက်ဆိုရင် ဒီအရှုံးတွေကို တွန်းလှန်ဖို့ ကြိုးစားရင်းကနေ ချန်ပီယံ ဖြစ်ဖို့တော့ မလွယ်လောက်တော့ဘူးလို့ တွေးလိုက်တော့မှာပါ။
UFC သမိုင်းမှာလဲ အဲဒီလို ကန့်လန့်ကာ အဖွင့် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ပြီးနောက် ချန်ပီယံဖြစ်တဲ့ထိ အောင်မြင်ဖူးတဲ့ ဖိုက်တာ စုစုပေါင်း ၃ ယောက်သာ ပေါ်ထွက်ခဲ့ဖူးပါတယ်။
မာရက်ဟာ နိုင်ပွဲဆက် မှတ်တမ်းတွေကို 8 ပွဲ / 9 ပွဲ ဆက်တိုက် ရယူပြသော်လဲ ချန်ပီယံ ခါးပတ်နဲ့ တန်းပြီး နီးစပ်တဲ့ ကံကြမ္မာ ပါမလာပြန်ပါဘူး။
ဒီတစ်ခါတော့ ပရိုမိုးရှင်းက ဖန်တီးပေးပေမယ့် သူက လက်မခံတာပါ။ ဘာလို့လဲ ဆိုတော့ လက်ရှိ ချန်ပီယံက သူ့ရဲ့ လေ့ကျင့်ဖော် အယ်ဂျာမိန်း စတာလင် ဖြစ်နေတဲ့ အတွက် စိန်ခေါ် မထိုးချင်ဘူး ဆိုပြီး ငြင်းခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပေါ် သစ္စာတရား ထားရှိမှုက ပြန်ပြီး အကျိုးပြုတယ်လို့ ဆိုရမယ် ထင်ပါတယ်။
အဲဒီလိုတွေ ငြင်းပြီးလို့ မကြာခင်မှာပဲ ချန်ပီယံ ခါးပတ်စိန်ခေါ်ခွင့်ရဖို့ အခွင့်ရေးက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတယ်။
အိုမဲလီ ဆီကနေ ချန်ပီယံခါးပတ် လွှဲပြောင်းရယူတယ်။
Team Khabib အဖွဲ့ဝင် အူမာကို အနိုင်ယူပြ အပြီးမှာတော့ မာရက်ဟာ ပရိသတ်တိုင်း လေးစားရတဲ့ ချန်ပီယံတစ်ယောက် အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ပြနိုင်ခဲ့ပါတယ်။
အခုဆိုရင် သူဟာ နောက်ဆုံး ကစားတဲ့ 12 ပွဲ ဆက်တိုက် အနိုင်ယူပြထားတဲ့ မှတ်တမ်းကောင်းမျိုးတောင် ပိုင်ဆိုင်ထားပြီးပါပြီ။
UFC ပရိုမိုးရှင်း တစ်ခုလုံးမှာ မာကာရှက်ဖ် ရဲ့ 15 ပွဲ ဆက်တိုက် အနိုင်ရတဲ့ စံချိန်ပြီးရင် လက်ရှိ ဒုတိယ အကောင်းဆုံး စွမ်းဆောင်ရည်မှတ်တမ်းမျိုး ဖြစ်ပါတယ်။
ဒါ့အပြင် ဒီတစ်ပတ် ထိုးမယ့်ပွဲက သူ့အတွက် ဒီနှစ်အတွင်း ဒုတိယမြောက် ချန်ပီယံ ခါးပတ်ကာကွယ်ပွဲပါ။
UFC က လက်ရှိ ချန်ပီယံတွေထဲမှာ ပွဲစိပ်တဲ့ ချန်ပီယံမျိုးလို့ ပြောနိုင်ပါတယ်။
အနှစ်ချုပ်ရရင်တော့ မာရက်ဟာ ပြိုင်ဘက်တွေကို ဟာ ခနဲ ဟင် ခနဲ ဖြစ်အောင် ပွဲသိမ်းပြနိုင်သူ မဟုတ်သလို ၊ ကစားဟန်ပိုင်းအားဖြင့်ကြည့်ရင်လဲ အရမ်းကြီး စွဲမက်ဖို့ကောင်းသူ မဟုတ်ပါဘူး။
ဒါပေမယ့် သူ အားသာတဲ့ အပိုင်းတွေကိုတော့ သေချာပြင်ဆင်ပြီး အဌဂံဝိုင်းထဲမှာ ပရိသတ်တွေ ကို ဖျော်ဖြေမှု ပေးနိုင်အောင် အမြဲတမ်း စတန့်ထွင် ကြိုးစားသူပါ။
Takedown ရယူတဲ့အပိုင်းမှာ ပရိုမိုးရှင်းသမိုင်းကြောင်းတစ်လျှောက် အကြိမ်ရေ အများဆုံးဖိုက်တာ။
ကာဒီယိုပိုင်းမှာ ပရော်ဖက်ရှင်နယ် ဖိုက်တာအချင်းချင်းကတောင် သြချယူရတဲ့သူ။
ကန့်လန့်ကာအဖွင့် ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်သားဟောင်း တစ်ယောက်ဟာ အခုတော့ တစ်ကမ္ဘာလုံးက အသိမှတ်ပြုတဲ့ UFC ချန်ပီယံ တစ်ယောက် ဖြစ်နေပါပြီ။

image