3 ပတ် - ဘာသာပြန်ပါ။

Pura 80 Pro နဲ့ Pro+ ဇွန် ၁၁ ရက် မိတ်ဆက်မယ်
Huawei ရဲ့ Flagship ကင်မရာဖုန်းတွေကို လာမယ့်အပတ် ဇွန်လ ၁၁ ရက် တရုတ်မှာ ကြေညာတော့မှာပါ။
ဒီပွဲမှာ Huawei Pura 80 Pro နဲ့ 80 Pro+ ကို မိတ်ဆက်ဖို့ ရှိပါတယ်။ Pura 80 စီးရီးမှာက Pura 80 , Pura 80 Pro , Pura 80 Pro + နဲ့ Ultra ဗားရှင်းဆိုပြီး မော်ဒယ် ၄ မျိုး ပါပေမယ့် Ultra နဲ့ Pura 80 နှစ်မျိုးက နောက်မှ ထွက်လာဖို့ ရှိပါတယ်။
ဇွန် ၁၁ ရက်မှာ မြင်ရမယ့် Huawei Pura 80 Pro နဲ့ Pro+ က အရင် Pura 70 စီးရီးရဲ့ တြိဂံကင်မရာအိမ်ဒီဇိုင်းနဲ့ လာပြီး Huawei ရဲ့ XMAGE imaging တံဆိပ်ကပ်မှာပါ။ ကင်မရာမှာ ဆရာကျတဲ့ Huawei flagship တွေ ဖြစ်လို့ ရင်ခုန်စရာတွေ မြင်ရဖို့ ရှိပါတယ်။
လောလောဆယ် ကြားသလောက်တော့ Pura 80 Ultra မှာဆို variable aperture ပါတဲ့ ၁ လက်မ main sensor နဲ့ လာပြီး ဒီ sensor လည်း Huawei က ထုတ်တာလို့ ပြောနေကြပါတယ်။ Ultra မှာ 50MP Ultrawide နဲ့ 1/1.3" sensor periscope telephoto ကင်မရာတွေလည်း ပါလာဖို့ ရှိပါတယ်။
အခု Pura 80 စီးရီးက နောက်ဆုံးပေါ် Mate 70 စီးရီးထက်တောင် Screen ပိုကောင်းမယ်လို့ ဆိုပါတယ်။ Display နည်းပညာနဲ့ တခြားအချက်အလက်တွေ ဖြစ်တဲ့ ဘက်ထရီ ၊ Charging ၊ Chips အကြောင်းတွေလည်း မသိရသေးပါဘူး။
Huawei ရဲ့ ကိုယ်ပိုင် OS နည်းပညာ HarmonyOS 5 နဲ့ ပွဲထုတ်လာမယ့် Pura 80 Pro/Pro+ အတွက် VMall မှာ ကြိုတင်စာရင်းသွင်း reservation လက်ခံနေပြီး အခုဆို စာရင်းသွင်းသူ ၄ သောင်းခွဲကျော်နေပြီလို့ ဆိုပါတယ်။

image