EV နှင့် Turbo များကြားမှ V10 ဘဲလေးကချေသည်
15,000 RPM? Naturally Aspirated V10 အင်ဂျင်? ဟုတ်လား? ဒီကနေ့ခေတ်လို အင်ဂျင်ဆိုဒ်သေးသေး၊ hybrid assisted turbo setup များဖြင့် ကိန်းဂဏန်းအမျိုးမျိုးကို အလွယ်တကူ claim လုပ်နေတဲ့ ခေတ်ကြီးထဲ V10 လို့ ကြားလိုက်ရတာက မအားလပ်လို့ take out နဲ့ fast food ဘဲ အမြဲစားဖြစ်တဲ့နောက် အိမ်က အမေချက်ကျွေးတဲ့ အိမ်လက်ရာ ထမင်းဟင်းပူပူလေး ပြန်စားလိုက်ရသလို၊ Bubble Milk Tea ထက် ပိုလို့တောင် ချိုတဲ့ အဖေ ခွဲတိုက်တဲ့ လက်ဖက်ရည်လေးကို သောက်လိုက်ရသလိုပါဘဲ၊ စကားလုံးတွေနဲ့ ဖော်ပြစရာမလိုလောက်တဲ့အထိ special ဖြစ်တယ်ဆိုတာ စာဖတ်သူလည်း သိပြီးသားဖြစ်မှာပါ။ Take care of your parents guys, they are getting older and older! အခုတော့ ကားအကြောင်းလေး ပြန်လှည့်ပါမယ်။
ဆိုတော့ကာ ယခုနှစ် မိတ်ဆက်ခဲ့သမျှ hypercar တွေအားလုံးထဲ classical music နားထောင်ရသလို divine feeling မျိုးအား ပေးအပ်သွားမည့် NA V10 အင်ဂျင်တပ် ဘဲလေးကချေသည်ကတော့ RB17 ပါ။ McLaren Solus GT ကလည်း V10 Hypercar ဆိုပေမယ့် ကျွန်တော့်အမြင်မှာတော့ RB17 က ပိုဆွဲဆောင်မှုရှိသလားလို့၊ ဒါက လူတစ်ဦးချင်းဆီ အမြင်ကွဲပြားနိုင်ပါတယ်။ “ နို့၊ Aston Martin Valkyrie ကြီးနဲ့ တူနေတယ်နော် “ လို့ မေးမည့် စာဖတ်သူတွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်လည်း အစတုန်းက Valkyrie မော်ဒယ်ခွဲ တစ်မျိုးဖြစ်မယ်လို့ဘဲ ထင်မိလိုက်တာ၊ လက်တွေ့မှာတော့ Red Bull ရဲ့ juiced-up Valkyrie ဗားရှင်းဖြစ်နေရော။
ဒီကားကို ကာဗွန်ဖိုက်ဘာ composite မှ လက်တွေ့ အသက်ဝင်လာအောင် ထုဆစ်ပေးခဲ့သူကတော့ Valkyrie ရဲ့ ဖခင်ကြီးဖြစ်သူ Adrian Newey_အေဒိရိယန် နျူဝီ ဖြစ်တယ်ခင်ဗျ။ Adrian ရဲ့ လက်ရာမလို့လည်း ဒီဇိုင်းပိုင်းမှာ nearly-identical ဖြစ်နေတာပေါ့။
လေလှိုင်းထဲကနေ ကူးသန်းလာတဲ့ အင်ဂျင်သံခပ်စူးစူးက နားမှတစ်ဆင့် အကြားအာရုံအဖြစ်သို့ ပြောင်းလဲလာရင်း ဦးဏှောက်အတွင်း neuron activation ဖြစ်ပေါ်ကာ အလိုလိုပြုံးမိလာစေတဲ့ မျက်မှောက်ခေတ် V10၊ V12 အင်ဂျင်ဖန်တီးသူက တစ်ဦးဘဲရှိတယ်၊ သူက Cosworth။ I.C.E တွေ အပြီးတိုင် သေဆုံးသွားတဲ့အခါ နောင်လာမည့်မျိုးဆက်တွေအတွက် Automotive သမိုင်းကြောင်း မှတ်တမ်းပြုစုပေးပါဆိုလျှင် Cosworth အတွက်ချည်းဘဲ သီးသန့် ကျမ်းစာအုပ် (၈) တွဲလောက် ထုတ်ရမှာ အသေအချာဘဲ။
Bugatti Tourbillon အတွက်လည်း V16 အင်ဂျင်ဆောက်ပေးခဲ့သလို၊ ယခုတစ်ခေါက်မှာလည်း RB17 ထဲက 4.5L NA V10 ဟာ Cosworth ဆီက ဖြစ်တယ်ဗျ။ Red Bull အနေနှင့် ကိုယ်တိုင်က ကားကုမ္ပဏီမဟုတ်သော်လည်း ဖော်မြူလာဝမ်းသမိုင်းအတွင်း အအောင်မြင်ဆုံး F1-Team များထဲမှ တစ်သင်းဖြစ်တဲ့အတွက်ကြောင့် အခြားသော hypercar ထုတ်လုပ်သူများလို Top Speed သော်လည်းကောင်း၊ Craftsmanship လက်ရာသော်လည်းကောင်း၊ နည်းပညာမြင့် high-tech showcase သော်လည်းကောင်း အဓိကထားတဲ့ သမာရိုးကျ focus ရယ် မရှိပါဘူး။ ကိုယ်တိုင်က F1 Team ဖြစ်တဲ့အပြင် Adrian ဟာလည်း F1 Designer ဖြစ်သည့်အတွက် ယခုတွေ့မြင်နေရတဲ့ RB17 Hypercar က basically a road-legal F1 ကားပါ။ Formula One ကားတစ်စီးလိုမျိုး dynamic ဖြစ်တဲ့ handling၊ ကမ္ဘာ့ထိပ်သီး ဒရိုက်ဘာတွေဘဲ ယဉ်ပါးလို့ရတဲ့ purpose-built machine ကြီးကို road-car အနေနှင့် ထုတ်ချင်လို့ကို ထုတ်ထားတာပါ။ Mercedes-AMG One နှင့် Aston Martin Valkyrie လို road-legal F1 Hypercar ဖြစ်ပြီးတော့ ဖော်မြူလာဝမ်းကား တစ်စီးကို မောင်းရတဲ့ ခံစားမှုအား အနီးစပ်ဆုံး ပေးအပ်သွားမည့် မီလီယံနာတွေအတွက် ကစားစရာလေးပေါ့။ NA V10 မလို့ instant throttle ရရှိမှာဆိုပေမယ့် ဒီကနေ့ခေတ် Le Mans Hypercar များနှင့် F1 တွေလိုမျိုး hybrid စနစ်ကတော့ လိုအပ်ပါသေးတယ်။ အကယ်လို့များ အင်ဂျင်တစ်ခုတည်းသာဆိုရင် CLK-GTR လိုမျိုး low speed တွေမှာ မောင်းမရလောက်အောင် ခက်ခဲတဲ့ race-car တစ်စီးဖြစ်သွားမှာပါ။
