3 ပတ် - ဘာသာပြန်ပါ။

COTD // Dodge Viper ACR🇺🇸
အမေရိကန်ပြည်ထောင်စုကနေ ပြန်လည်မရရှိနိုင်တော့တဲ့ treasure တွေထဲ 8.4L V10 အင်ဂျင်၊ side-exhaust များနှင့် အီတာလျံ၊ ဂျာမန် V10 ပြိုင်ဘက်များထက် ပိုမိုလျှင်မြန်တဲ့ Nurburgring Lap စံချိန်တင်နိုင်ခဲ့သော 2017 Dodge Viper ACR လို့ဘဲ ပြောရမယ်ဗျ။
အမေရိကန် automotive လောကမှာ အရေးပါဆုံး ပုဂ္ဂိုလ်တွေ ပေါ်ထွန်းခဲ့သော ခေတ်မှာ အသက်သွင်းခဲ့တဲ့ မော်ဒယ်ဖြစ်လို့ generation အဆက်ဆက်မှာလည်း influence ပေါင်းများစွာရှိခဲ့သလို 'American Club Racer' လို့ ခေါ်တဲ့ ACR - Acronym ဟာလည်း Nurburgring စံချိန်ပြဇယားမှာ အမေရိကန်ကားတွေအပေါ် ထားရှိတဲ့ အထင်အမြင်အလွဲအမှားများကို ချိုးဖျက်ပြီး U.S. Made Supersports-car များရဲ့ စွမ်းဆောင်ရည်ကောင်းပုံကို ယနေ့ထိတိုင် ကိုယ်စားပြုနေဆဲဖြစ်တယ်။
[ Note ] ဒီနေ့တင်ဖြစ်တာက Car of the Day (သို့မဟုတ်) COTD ပါ။ တစ်ခါတစ်လေကျရင် ကျွန်တော် article တစ်ခု ဒီဇိုင်းထုတ်ပြီးတဲ့အခါ မသုံးဖြစ်တဲ့ ဓာတ်ပုံတွေအများကြီး ပုံနေတတ်တယ်ဗျ။
မသုံးဖြစ်တဲ့ resources တွေကို တင်ပေးချင်ပေမယ့် category တစ်ခုထဲလည်း ထဲ့ဖို့က မလွယ်၊ Page NF မှာလည်း Description တပ်ထားတဲ့ content တွေများနေတဲ့အတွက် fun & light ဖြစ်အောင် COTD ကို category အသစ်ထုတ်လိုက်တာပါဗျ။ နောက်ပိုင်းမှာတော့ context ပိုပြီး နည်းသွားဖို့ရှိတယ်၊ spec လောက်ဘဲပေါ့။
Engine: V10
Induction: None
Type: Naturally Aspirated
Horsepower: 645 hp@6,200 RPM
Torque: 600 lb-ft@5,000 RPM
Acceleration: 0-60 mph in 3.3 seconds
Top Speed: 177 mph

image
image
image