The Last Evolution
EVO IX ရဲ့ limited run station wagon ကို ၂၀၀၅-၀၇ အတွင်းမှာ ထုတ်လုပ်ကာ EVO ရဲ့ နောက်ဆုံး Generation EVO X ကို ၂၀၀၇ ခုနှစ်၊ ဂျပန်မှာ စတင်မိတ်ဆက်ခဲ့ပြီး oversea market ကို ၂၀၀၈ မှာ ဖြန့်ချီခဲ့ပါတယ်။ EVO X ကို ၂၀၁၆ ခုနှစ်ထိ edition အမျိုးမျိုး၊ upgrade အမျိုးမျိုးနဲ့ ဖြန့်ချီခဲ့ပြီး ၂၀၁၆ ဧပြီ မှာ ထုတ်လုပ်မှုရပ်တန့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆို ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ Automotive Landscape ကြီးက ပြောင်းလဲလာပြီး Automakers တိုင်းက SUV တွေ နဲ့ Crossover ပိုင်းကို အာရုံစိုက်လာပါတယ်။
Mitsubishi ကိုယ်တိုင်ကလဲ Eclipse ကို ၂၀၁၇ ခုနှစ် မှာ Crossover လုပ်ပြီး Market ထဲဝင်ရောက်လာခဲ့ပါတယ်။ EclipseCross ထွက်လာပြီးမှာ Lancer Cross ထွက်မလား၊ Concept တွေနဲ့ ဂယက်ရိုက်သွားပါသေးတယ်။ ဒါပေမယ့် မကြာသေးခင်ကဘဲ Lancer Edition R ဆိုပြီး ကားပုံတွေ leak လာပါတယ်။ တချို့ကလဲ Lancer ကို Electric Vehicle အဖြစ်ပြန်လာမယ်လို့ ပြောနေကြပေမယ့် ကျွန်တော်တို့ရင်ထဲမှာတော့ EVO series တစ်ခုလုံးက နေရာယူထားဆဲပါ🖤
