3 w - Translate

တရုတ်ကို ၁-၀နဲ့ အနိုင်ရခဲ့တာကြောင့် အင်ဒိုနိးရှားကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ စတုတ္ထအဆင့်ကို တက်သွားပါပြီ။ တိုက်ရိုက်ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေမယ့် ခြေစစ်ပွဲအောင်မြင်ဖို့အတွက် သူတို့ရဲ့ ရည်မှန်းချက်ကို ဆုပ်ကိုင်ထားနိုင်ဆဲပါ။
စတုတ္ထအဆင့်ခြေစစ်ပွဲမှာ အုပ်စုဒုတိယရ အသင်းတွေကို ကစားစေမှာဖြစ်ပြီး ဇယားထိပ်ဆုံးနေရာကို ရယူနိုင်မယ့် အသင်း ၂သင်းက ခြေစစ်ပွဲအောင်မြင်မှာပါ။ ဒုတိယရ နှစ်သင်းကတော့ ပလေးအော့ကစားပြီး အနိုင်ရခဲ့ရင် နောက်ထပ်ပလေးအော့တပွဲထပ်ကစားကာ ခြေစစ်ပွဲအောင်၊ မအောင်ဆိုတာကို စမ်းသပ်ခံရမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာ ဘာရိန်းနဲ့ တရုတ်ကို ဆက်တိုက်အနိုင်ရပြီးတော့ ကမ္ဘာ့ဖလားအိပ်မက်ကို ဆက်မက်နေနိုင်ခဲ့တာပါ။ နည်းပြသစ် ကလွိုင်ဗတ်လက်ထက်မှာ ရလဒ်တွေပြန်ကောင်းလာပြီး သူတို့မှာ မျှော်လင့်ချက်တွေ အများကြီးရှိနေပါသေးတယ်။ အာဆီယံအသင်းတသင်းအနေနဲ့ ခြေစစ်ပွဲအောင်တဲ့အထိ လုပ်ပြနိုင်မလားဆိုတာ ကြည့်ရပါဦးမယ်။

image