3 ပတ် - ဘာသာပြန်ပါ။

အမျိုးသမီးများအတွက်၊ တင်းရင်းလှပတဲ့ ခန္ဓာကိုယ်ကို ဖန်တီးဖို့ နည်းလမ်း (၉) ခု
-ကာဒီယိုကို စွဲလမ်းတာ လျှော့ပါ။
အဆုံးမရှိပြေးတာ/ကာဒီရိုလုပ်နေတာတွေက ကြွက်သားတွေကို ပျက်စီးစေတယ်။ အလေးမတာကို ပိုလုပ်ပါ။ လမ်းလျှောက်တာကိုဒုတိယ၊ ကာဒီယိုကို နောက်ဆုံးထားလုပ်ပါ။
-တည်ဆောက်မထားရင် ပုံဖော်လို့ မရဘူး။
ကြွက်သားတွေကသာ ခန္ဓာကိုယ်ကို "တင်းရင်းပြီး လှပတဲ့" ပုံစံကို ဖန်တီးပေးတာ။
-အဆီကျဖို့ HIIT ထက် လမ်းလျှောက်တာ ပိုကောင်းတယ်။
နေ့စဉ် လမ်းလျှောက်တာက စိတ်ဖိစီးမှုဟော်မုန်း (cortisol) ကို လျှော့ချပြီး အဆီတွေကို ကြွက်သားမလောင်ကျွမ်းဘဲ လောင်ကျွမ်းစေတယ်။
-အလေးမတာက အမျိုးသမီးဆန်တယ်။
တင်ပါး၊ ပေါင်၊ လက်မောင်း၊ ခါးတွေအားလုံးကို ဝန်သုံးလေ့ကျင့်ခန်းနဲ့ ပုံဖော်လို့ရတယ်။ အလေးမတာက သင့်ကို ကြွက်သားအမြောက်အများနဲ့ ထွားကြိုင်းစေမှာ မဟုတ်ဘူး။
-ကာဗိုဟိုက်ဒရိတ် လျှော့တာထက် (မလျော့နဲ့) ပရိုတင်း ပိုစားပါ။
ပရိုတင်းက ကြွက်သားကိုတည်ဆောက်ပေးတယ်။ ကာဗိုဟိုက်ဒရိတ်က လေ့ကျင့်ခန်းလုပ်ဖို့ အားဖြည့်ပေးတယ်။ နှစ်မျိုးစလုံးကို နည်းနည်းစားပဲရင် ရလဒ်တွေ ပျက်စီးနိုင်တယ်။
-နေချင်သလိုနေခဲ့တာတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားရလို့ လေ့ကျင့်တာ ရပ်ပါ။
တစ်ရက်လောက် လေ့ကျင့်ခန်းမလုပ်ဖြစ်ရင် ကောင်းတယ်။ သင့်ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်တာ ဖြစ်နိုင်တယ်။ ကြွက်သားတွေက နားနေချိန်မှာ ပိုကြီးထွားတယ်။
-ကိုယ်ဟန်ထားရော/လေ့ကျင့်ခန်း form ရောမှန်ဖို့ အလေးထားပါ။
ကျန်းမာကြံ့ခိုင်ခြင်းမှာ အရေအတွက် များတာထက် အရည်အသွေး ကောင်းတာက ပိုအရေးကြီးတယ်။
- ချွေးဘယ်လောက်ထွက်တာကို မဟုတ်ဘဲ၊ ကြံ့ခိုင်မှုကို မှတ်တမ်းတင်ပါ။
တိုးတက်မှုဆိုတာပိုသန်စွမ်းလာတာ၊ လှုပ်ရှားမှု ပိုကောင်းလာတာကို ဆိုလိုတယ်။ ချွေးဆိုတာ ရေပဲ။ ကြံ့ခိုင်မှုက ထာဝရပဲ။
-ခန္ဓာကိုယ်က လှပချင်တယ်ဆိုရင် မှားယွင်းတဲ့ အချက်အလက်တွေ နောက်လိုက်မနေနဲ့။ ဟော်မုန်းတွေအပေါ်သက်ရောက်နေတဲ့ lifestyle ကိုပြုပြင်ပီး၊ကြွက်သားတွေ တည်ဆောက်လိုက်ရင် ခန္ဓာကိုယ် ပုံစံလှပလာတာကို တွေ့ရပါလိမ့်မယ်။ခန္ဓာကိုယ်ပြောင်းလဲရေးခရီးစဉ်မှာ သိပ်အများကြီးမလိုဘူး။ လိုတိုရှင်းပြောရရင် အလေး ပိုမပါ။ ဂရုတစိုက် အနားယူပါ။ပါးစပ်အရသာခံစားသောက်တဲ့အကျင့်ပြင်ပါ။ဒီ၃-ချက်ကခန္ဓာကိုယ်ကို တကဲ့ပုံဖော်ပေးတဲ့အရိုးရှင်းဆုံးနည်းလမ်းပါပဲ။