Online ဂိမ်းလောင်းကစားပြုလုပ်နေ့တဲ့ နေအိမ်ကို လုံခြုံရေးအဖွဲဝင်ရောက်ဖမ်းဆီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ကနေအိမ်တစ်လုံးမှာ Online ဂိမ်းလောင်းကစားပြုလုပ်နေတယ်ဆိုတဲ့သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့၊ တပ်မြို့တောင်ရပ်၊ တပ်မြို့တောင် (၇)လမ်းမှနေထိုင်တဲ့ နေဇင်ဝင်းဆိုသူရဲ့နေအိမ်မှာ online ဂိမ်း လောင်းကစားပြုလုပ်နေတာကြောင့် ဇွန်လ ၄ ရက်နေ့က သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက် ရှာဖွေခဲ့ရာ Online ဂိမ်းလောင်းကစားရာမှာ ပါဝင်သူ ကျား/မ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ထို့အတူ Online ဂိမ်းလောင်းကစားရာမှာ အသုံးပြုတဲ့ ကွန်ပြူတာတွေ၊ငွေကြေးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို လည်း လုံခြုံရေးအဖွဲ့ဝင်တွေက လုပ်ထုံးလုပ်နည်းနှင့်အညီသိမ်းဆည်းရမိခဲ့ပြီး ကျူးလွန်သူတွေကို ဥပဒေနဲ့အညီအရေးယူနိုင်ရေး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
