#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှား အော်ပရာစီစစ်ဆေးရေးတွင် ရွှေ့ပြောင်းလုပ်သား မြောက်မြားစွာဖမ်းဆီးခံရ
မလေးရှားတွင် အော်ပရာစီစစ်ဆေးရေး အစီအစဉ်အတွင်း ရွှေ့ပြောင်းလုပ်သား မြောက်မြားစွာဖမ်းဆီးခံခဲ့ရကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန(JIM)၏ ထုတ်ပြန်ထားချက်အရ သိရသည်။
မလေးရှားနိုင်ငံအတွင်း မေ ၂၉ ရက်မှ ဇွန် ၂ ရက်အထိ အော်ပရာစီ စစ်ဆေးရေးအစီအစဉ်ဖြင့် တရားမဝင် နိုင်ငံခြားသား ၁၄၃၅ ဦးအား ဖမ်းဆီးခဲ့ပြီး အဆိုပါထဲတွင် မြန်မာနိုင်ငံသား ၁၂၂၂ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမှုများကို ကွာလာလမ်ပူ၊ ဆာလာယန်း၊ ပလောပီနန်း၊ ဘာတာဝပ်နှင့် B.M. ဈေးဝယ်စင်တာများအပါအဝင် နေရာအများစုတွင် အဖွဲ့အစည်းပေါင်းစုံဖြင့် စစ်ဆေးပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၁၂၂၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄၂ ဦး၊ အိန္ဒိယနိုင်ငံသား ကိုးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦး အပါအဝင် နီပေါနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
မလေးအာဏာပိုင်များအနေဖြင့်တရားဝင်ခွင့်ပြုလက်မှတ်ရှိသူများအား စိစစ်ပြီးပြန်လည်လွှတ်ပေးမည်ဖြစ်ကာ တရားမဝင် နေထိုင်သူများအား တင်းကျပ်စွာအရေးယူသွားမည်ဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) က သတင်းထုတ်ပြန်ထားသည်။
