#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေယာဉ်ပျက်ကျမှုများနှင့် ပတ်သက်၍ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ပေးဆောင်ရန် ဘိုးအင်းသဘောတူ
ဘိုးအင်းကုမ္ပဏီသည် လူ ၃၄၆ ဦးသေဆုံးခဲ့သော လေယာဉ်ပျက်ကျမှုများတွင် တရားစွဲဆိုခြင်းမှရှောင်ရှားရေးအတွက် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံပေးအပ်ရန် ဇွန် ၄ ရက်တွင် သဘောတူလိုက်သည်။
အဆိုပါပေးအပ်မှုသည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် မတ်လတို့တွင် ၇၃၇ မက်စ်လေယာဉ်အမျိုးအစားများပါဝင်သည့် ပျက်ကျမှုများအတွက် အမေရိကန်တရားရေးဌာနနှင့် ညှိနှိုင်းသဘောတူမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
သဘောတူညီချက်တွင် အမေရိကန်လေကြောင်းကုမ္ပဏီကြီးအနေဖြင့် လေယာဉ်ပျက်ကျသေဆုံးသူ မိသားစုများအတွက် ဒေါ်လာ ၄၄၄ ဒသမ ၅ သန်း ပေးအပ်ရန်လည်းပါဝင်သည်။ ၎င်း၏လိုက်လျောမှု၊ ဘေးကင်းမှုနှင့် အရည်အသွေးဆိုင်ရာ အစီအစဉ်များကို မြှင့်တင်ရန်ဒေါ်လာ ၄၅၅ သန်း ထည့်ဝင်ရမည်ဖြစ်သည်။
ထို့ပြင်ဘိုးအင်းသည် ရာဇဝတ်မှုဒဏ်ငွေဒေါ်လာ ၄၈၇ ဒသမ ၂ သန်းကို ပေးဆောင်ရန်သဘောတူခဲ့ပြီး ထက်ဝက်ကို ၂ဝ၂၁ ခုနှစ်တွင် ပေးဆောင်ခဲ့ပြီးဖြစ်သည်။
များပြားလှသောဒဏ်ကြေးများအပြင် လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံ မြှင့်တင်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်ရန် ကတိကဝတ်များပါဝင်သောဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ကြောင်း ဘိုးအင်းကထုတ်ပြန်ထားသည်။
ဘီဘီစီ

image