3 w - Translate

စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လုပ်စရာရှိတာလုပ်တဲ့သူတွေပဲ တိုးတက်သွားတာ။

မိုးရွာလို့ မလုပ်သေးဘူး၊ နေပူလို့မလုပ်သေးဘူး
လုပ်နေသူ တွေက တစ်ခုခုဆို အလုပ်ဖြစ်အောင်
လုပ်ဖို့ထက် ဆင်ခြေ တွေနဲ့တင် ရပ်တန့်နေတတ်ကြတယ်။

ကိုယ်လုပ်ရမယ့်အရာ၊ လုပ်မယ်လို့
ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အရာကို
ဖြစ်အောင်လုပ်တာက Self-discipline ပဲ။

တစ်ပတ် လေးရက်
လေ့ကျင့်ခန်းလုပ်မယ်ဆို လုပ်ဖြစ်အောင်
လုပ်တာ၊ တစ်ရက် တစ်နာရီစာဖတ်မယ်ဆို ဖတ်
ဖြစ်အောင်ဖတ်တာ Self-discipline ပဲ။

ကိုယ့်စည်းကမ်းကိုယ် လိုက်နာဖို့အရေးကြီးတယ်။
လုပ် စရာရှိတာကို ဖြစ်အောင်လုပ်တဲ့သူတွေက
အမြဲတမ်း အလုပ်ပြီးမြောက်တတ်ပြီး
လုပ်စရာရှိတာကို နေ့ရွှေ့ ညရွှေ့
ရွှေ့တတ်တဲ့သူတွေက ဘယ်အရာမှာမှ
ဖြစ်မြောက်လာမှာမဟုတ်ဘူး။

တိုးတက်သူနဲ့ သာမန်လူတွေကြား အဓိက
ကွာခြားသွားစေတာSelf-discipline ပဲ။

image