3 ပတ် - ဘာသာပြန်ပါ။

AI ကြောင့် ဝန်ထမ်းတွေ အလုပ်အကိုင်ပိုများလာမယ်လို့ဆိုတဲ့ Google CEO
AI နည်းပညာတိုးတက်ကျယ်ပြန့်လာတာနဲ့အမျှ ထိပ်တန်းကုမ္ပဏီအများစုဟာ AI ကို အသုံးချပြီး ဝန်ထမ်းလျော့ပေါ့ရေးတွေပါ လုပ်ဆောင်လာကြတာပါ။

ဒါပေမဲ့ Google CEO Sundar Pichai ကတော့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ AI ကြောင့် အလုပ်အကိုင်အခွင့်အရေးတွေ ဆုံးရှုံးမယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပယ်ချခဲ့ပြီး 2025 အတွင်းမှာပဲ ဝန်ထမ်းတွေဟာ AI ကြောင့်ပဲ အလုပ်အကိုင်အရေအတွက်တွေ တိုးလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Google CEO အနေနဲ့ ဒီလိုပြောလာတာ နည်းနည်းတော့ အံ့ဩဖို့ကောင်းတယ်ဆိုရမယ်။ ဘာလို့ဆို ပြီးခဲ့တဲ့မေလကပဲ AI ကြောင့် အလုပ်သမား 200 ကျော်ကို အလုပ်ထုတ်ခဲ့တာမို့ပါ။ အလုပ်သမားလျှော့ချမှုရဲ့ အဓိကအကြောင်းအရင်းကတော့ AI တိုးတက်ဖွံ့ဖြိုးမှုနဲ့ AI အစားထိုးဆောင်ရွက်မှုတွေကြောင့်ပါ။

image