3 ပတ် - ဘာသာပြန်ပါ။

AI မော်ဒယ်အသစ်ဖန်တီးဖို့ Google Gemini ကို သုံးခဲ့တဲ့ DeepSeek
မကြာသေးခင်ကပဲ DeepSeek ကနေ သင်္ချာနဲ့ Coding ပိုင်းတွေအတွက် အတော်လေးအဆင့်မြှင့်ထားတဲ့ R1 Reasoning AI မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမော်ဒယ်ကို ဘယ်လိုမျိုးဖန်တီးထားလဲဆိုတာကိုတော့ DeepSeek ကနေ မဖော်ပြခဲ့ပါဘူး။ ဒါကြောင့်ပဲ အချို့သော AI သုတေသနလုပ်သူတွေက Google gemini မော်ဒယ်အချို့ကို သုံးထားကြောင်း ခန့်မှန်းပြောဆိုခဲ့ကြပါတယ်
မယ်လ်ဘုန်းမြို့အခြေစိုက် developer တစ်ဦးဖြစ်တဲ့ Sam Paech က AI နဲ့ပတ်သက်ပြီး Emotionally ပိုင်းမှာ စမ်းသပ်ဖန််တီးသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အဆိုအရ DeepSeek ရဲ့ R1-0528 မော်ဒယ်ဟာဆိုရင် Gemini 2.5 Pro မှာ အသုံးပြုတဲ့ စကားလုံး အသုံးအနှုံးတွေကို နှစ်သက်ဟန်ရှိတယ်လို့ ဖော်ပြဖူးပါတယ်။

နောက်ထပ် SpeechMap လို့ခေါ်တဲ့ AI သုတေသနတစ်ဦးကလည်း DeepSeek မော်ဒယ်ရဲ့ စဉ်းစားမှုအဆင့်တွေအဖြစ် generate လုပ်တဲ့ အကြောင်းအရာတွေဟာဆိုရင် Google Gemini မော်ဒယ်နဲ့ အတော်လေးတူညီမှုရှိတယ်" လို့ ပြောကြားခဲ့ပါသေးတယ်။

image