Boeing 737 ဆိုဒ်နဲ့ အင်တာနက် ၁၀ ဆ ပိုမြန်မယ့် Starlink ဂြိုဟ်တု
အီလွန်မတ်စ်ရဲ့ ဂြိုဟ်တုအင်တာနက်နဲ့ အာကာသခရီးသွားလာရေး ရည်မှန်းချက်တွေထဲက တစ်ခုပါ။
အင်တာနက်လွှင့်မယ့် နောက်မျိုးဆက် Starlink V3 ဂြိုဟ်တုတွေက အရွယ်အစား ပိုကြီးပြီး အင်တာနက်မြန်နှုန်း ပိုကောင်းလာမယ်လို့ ဆိုပါတယ်။ Starlink V3 ရဲ့ အရွယ်အစားကို အီလွန်မတ်စ်က Boeing 737 လေယာဉ်ကြီးလောက် ရှိမယ်လို့ ပြောပါတယ်။
အလေးချိန် နှစ်တန်နီးပါး ရှိမယ့် ဒီဂြိုဟ်တုက fibre optics ထက် ဒေတာပို့လွှတ်မှု ၄၀% ပိုမြန်တဲ့ laser links တွေ သုံးထားတာပါ။ ဒေတာပို့တဲ့ ကြာချိန် latency လျှော့ချဖို့ Starlink V3 ကို လက်ရှိကမ္ဘာပတ်လမ်း ၅၅၀ ကီလိုမီတာကနေ ၃၅၀ ကီလိုမီတာ ပတ်လမ်းထဲ လှည့်ပတ်စေမှာပါ။ ကမ္ဘာပတ်လမ်း ပိုနိမ့်နိမ့်ထဲကနေ ဒေတာပို့နေမှာ ဖြစ်လို့ latency 20ms အောက် လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။
