3 ပတ် - ဘာသာပြန်ပါ။

အားသွင်းစရာမလိုဘဲ နှစ်ပေါင်း ၅၇၀၀ အားခံမယ့် ဘက်ထရီ

အင်္ဂလန်နိုင်ငံ ဘရစ္စတိုးတက္ကသိုလ်က ပညာရှင်တွေဟာ ကမ္ဘာ့ပထမဆုံး ကာဗွန်-၁၄ ဘက်ထရီကို ဖန်တီးနိုင်ခဲ့ပါတယ်။

ရေဒီယိုကာဗွန်လို့ ခေါ်ကြတဲ့ ကာဗွန် - ၁၄ ဆိုတာက Half-life သက်တမ်း နှစ် ၅၇၀၀ ရှိတဲ့ ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တစ်မျိုး ဖြစ်ပြီး အရာဝတ္ထုတွေနဲ့ ရုပ်ကြွင်းတွေရဲ့ သက်တမ်းကို တိုင်းရာမှာ သုံးပါတယ်။

ပါမောက္ခ နီးလ်ဖောက်နဲ့ UK အက်တမ်စွမ်းအင်အဖွဲ့ UKAEA တို့က ကာဗွန် - ၁၄ ကို သုံးပြီး နှစ်ထောင်ချီ အသုံးခံမယ့် စိန်ဘက်ထရီတစ်မျိုး ဖန်တီးခဲ့တာပါ။ ကာဗွန် - ၁၄ ရဲ့ရေဒီယို ရောင်ခြည်ဖြာထွက်မှုကို တစ်ပိုင်းလျှပ်ကူးဂုဏ်သတ္တိရှိတဲ့ စိန်ရဲ့ ဖွဲ့စည်းပုံထဲ ထည့်ပြီး အီလက်ထရွန်ကို လျှပ်စစ်ပြောင်းတာပါ။

ကာဗွန် - ၁၄သုံး စိန်ဘက်ထရီက ဒီနည်းနဲ့ ရောင်ခြည်ဖြာထွက်မှုကရတဲ့ စွမ်းအင်ကို လျှပ်စစ်ပြောင်းပြီး microwatt level စွမ်းအင်ကို ရာစုနှစ်ပေါင်းများစွာ ဆက်တိုက်ထုတ်လုပ်ပေးနိုင်ပါတယ်။ ဘက်ထရီမှာ သုံးတဲ့ စိန်က သဘာဝစိန်မဟုတ်ဘဲ ပလာစမာအဆင့်မြှင့်ထားတဲ့ ဓါတုငွေ့ရည်ပြောင်းတဲ့ PECVD ဖြစ်စဉ်နဲ့ ထုတ်လုပ်ထားတာပါ။

image