သိန်း ၃၀ အောက်ဈေးနဲ့ Global ဝင်လာတဲ့ OnePlus 13s
Snapdragon 8 Elite SoC သုံး OnePlus ရဲ့ compact အဖြစ်ဆုံး Flagship ဖုန်း အိန္ဒိယဈေးကွက်ထဲ ရောက်လာပါတယ်။
performance မြင့်မြင့် သေးကျစ်ကျစ်ဖုန်း ကိုင်ချင်သူတွေအတွက် OnePlus 13s က တော်တော်မိုက်ပါတယ်။ ၆.၃ လက်မဆိုဒ် LTPO OLED display သုံးထားတဲ့ ဒီဖုန်းက 1.5K resolution ၊ 120Hz Refresh Rate ၊ 1600nits တောက်ပမှု နဲ့ Dolby Vision support လို Screen features တွေ ပါပါတယ်။
၈.၁၅ မီလီအထူ metallic frame သုံးထားပြီး ၁၈၅ ဂရမ်ဝိတ်ဖြစ်လို့ compact ဖြစ်သလို ပေါ့ပြီးလည်း ပါးပါမယ်။ ဒီဇိုင်း compact ဖြစ်ပေမယ့် သုံးထားတဲ့ ဘက်ထရီ cell က 5850mAh အကြီးစားနဲ့ လာတာပါ။ တရုတ်ဗားရှင်း OnePlus 13T မှာဆို ပိုကြီးတဲ့ 6260 mAh သုံးပါတယ်။ OnePlus 13s ရော 13T ပါ 80W Charging စနစ် support ပေးပါတယ်။
ကင်မရာ Quality နာမည်ကြီးတဲ့ OnePlus က ဒီဖုန်းတော့ 50MP Dual Camera စနစ် သုံးပါတယ်။ ကျောဘက် အနားလုံးစတုရန်းအိမ်ထဲမှာ OIS ပါ 50MP main Sensor (1/1.56" Sony LYT-700 sensor ,f/1.😎 နဲ့ 2x telephoto 50MP Samsung JN5 Sensor ထည့်ထားပြီး ရှေ့မှာ 32MP Selfie နဲ့ လာပါတယ်။
OnePlus ဖုန်းတွေရဲ့ icon ဖြစ်တဲ့ Alert Slider နေရာမှာ customize လုပ်နိုင်တဲ့ Plus Key သစ် ထည့်ပေးထားပါတယ်။ အသံတိုး/ဖျောက်တာ ၊ ကင်မရာ နဲ့ screen recorder ဖွင့်တာ ၊ screenshot ယူတာ ၊ ဖုန်းမီးဖွင့်တာ ၊ ဘာသာပြန်တာတွေကို ဒီခလုတ်လေးနဲ့ သုံးလို့ ရပါတယ်။
