3 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်ကတော့ အမ်ဗြူမိုအတွက် ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်း+၁၀ သန်းပေးမယ်ဆိုပြီး ကမ်းလှမ်းလိုက်ပါပြီ။ ဘရန့်ဖို့ဒ်က ပေါင်သန်း ၇၀ အထိ အလိုရှိနေပေမယ့် ယူနိုက်တက်က အများဆုံး ၅၅ သန်းအထိပဲ ပေးချေသွားဖို့ ရှိနေပါတယ်။
ကွန်ညာအတွက် ပေါင်သန်း ၇၀ အထိ အသုံးပြုထားပြီးဖြစ်တဲ့ ယူနိုက်တက်ဟာ အမ်ဗြူမိုအတွက်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ထပ်သုံးစွဲရဦးမှာပါ။ ကစားသမားကိုလည်း ဘရန့်ဖို့ဒ်မှာထက် လစာပိုပေးရမှာဖြစ်ပြီး အသင်းမှာ အလုပ်ဖြစ်၊မဖြစ်ကတောတ့ စောင့်ကြည့်ရပါဦးမယ်။
ကစားသမားသစ်တွေခေါ်တိုင်း စျေးကြီးပေးနေရပြီး လုပ်ခလစာကိုလည်း နင့်နေအောင် ပေးရကာ အသင်းမှာ အဆင်မပြေဖြစ်ခဲ့တာတွေ များနေတဲ့ ယူနိုက်တက်တို့အတွက် အမ်ဗြူမိုက ဂျင်းဖြစ်မလား၊ ရွှေဖြစ်မလားတော့ မပြောတတ်သေးဘူး။ လောလောဆယ်တော့ ထုံးစံအတိုင်း စျေးကြီးပေးရပါတော့မယ်။

image