3 ပတ် - ဘာသာပြန်ပါ။

မာနေးကနေ အစပြုလိုက်တဲ့နောက်မှာ နာမည်ကျော်အာဖရိက ကစားသမားတွေက သူတို့ဇာတိက ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် အများကြီးပြန်ကူညီပေးနေပါပြီ။
အခုလည်း မန်ဒီက ဆီနီဂေါက သူ့မိဘတွေရဲ့ ဇာတိရွာမှာ ကျောင်းသား ၂၀ ဦးသာ သင်ကြားနိုင်တဲ့ စာသင်ကျောင်းကို ကျောင်းသား ၂၀၀ အထိ သင်ကြားနိုင်အောင် ထောက်ပံ့ပေးခဲ့ပါတယ်။
ကျောင်းသားတွေအတွက်လည်း လိုအပ်နေတဲ့ တက်ဘလက်၊ ကွန်ပျူတာတွေကို ဝယ်ယူပေးထားပြီး စာကောင်းကောင်းသင်နိုင်အောင် သူ ကူညီပေးထားပါတယ်။
ပညာရေးနဲ့ ကျန်းမာရေးက အရေးကြီးပြီး သူတို့တုန်းကလိုမျိုး ခက်ခက်ခဲခဲနဲ့ မရုန်းကန်ရအောင် နောက်မျိုးဆက်တွေကို ဖေးမကူညီနေတာလည်းဖြစ်ပါတယ်။

image