3 ပတ် - ဘာသာပြန်ပါ။

ပေါ်တူဂီတို့ နောက်ဆုံးအကြိမ် ဂျာမနီအသင်းကို အနိုင်ရခဲ့တော့ 2000 Euros မှာဖြစ်ပြီးတော့ ဒီပွဲမှာ ဆာဂျီယိုကွန်စီကာအိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
၂၅ နှစ်ကြာသွားပြီးတဲ့နောက်မှာ ဂျာမနီကို ပေါ်တူဂီအသင်းက ပထမဆုံးနိုင်ပွဲပြန်ရခဲ့ပြီ။ ဒီနိုင်ပွဲမှာ အရေးပါဆုံးသော ကစားသမားက ချီကိုကွန်စီကာအို ဖြစ်ခဲ့ပြီး ချေပဂိုးတစ်ဂိုးကိုသွင်းပေးခဲ့ပါတယ်။ ချီကို ဟာ ဆာဂျီယိုကွန်စီကာအိုရဲ့သားဖြစ်ပါတယ်။
အဖေဖြစ်သူ ဆာဂျီယိုကွန်စီကာအို က ဟက်ထရစ်နဲ့အစွမ်းပြပြီး ဂျာမနီကို အနိုင်ရခဲ့တယ်။ ၂၅ နှစ် အကြာမှာတော့ သားဖြစ်သူ ချီကိုကွန်စီကာအိုဟာ ပေါ်တူဂီအတွက် ချေပဂိုးက ဂျာမနီကိုအနိုင်ရဖို့ အခိုက်တန့်တစ်ခုစတင်ခဲ့တယ်။ သားဖနှစ်ဦးလုံးက ပေါ်တူဂီကိုမျက်နှာမငယ်စေဘူး။

image