3 ပတ် - ဘာသာပြန်ပါ။

ပွဲမတိုင်ခင် တရက်အလိုမှာ ကွင်းထဲကို ဝင်တယ်။ ပြီးတော့ အိမ်သာထဲမှာ ပုန်းနေခဲ့တယ်။ အိမ်သာတံခါးမှာ "အသုံးပြုလို့မရသေးပါ" ဆိုတဲ့ သင်္ကေတကို ကပ်ထားပြီး သူတို့က ဝန်ထမ်းတွေပုံစံနဲ့ အိမ်သာကို ပြင်ဆင်နေသလိုမျိုး အယောင်ဆောင်ခဲ့ပါတယ်။
၂၇ နာရီလောက် အိမ်သာထဲမှာပဲနေခဲ့ပြီး ပွဲကစားမယ့်နေ့မှ အပြင်ကိုပြန်ထွက်ကာ အခြားပရိသတ်တွေနဲ့ ရောနှောပြီး ပွဲကို ကြည့်ခဲ့ပါတယ်။ ဖရီးကြည့်သွားခဲ့တာပါ။
ဘယ်လ်ဂျီယံက tiktokers နှစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပရာ ဘိုင်ယန်မြူးနစ်ကွင်းကြီးထဲ တရက်ကျော်ကြာ ပုန်းနေခဲ့ကြတာပါ။ သူတို့အဖြစ်အပျက်က ဆိုရှယ်မီဒီယာမှာ ကျော်ကြားနေပြီး ဘိုင်ယန်ကွင်းလုံခြုံရေးတွေတော့ ဘယ်လောက်တောင် အဆူခံနေရပြီလဲ မသိပါဘူး။ 😆😆😆

image