3 ပတ် - ဘာသာပြန်ပါ။

ပွဲရလဒ်ကတော့ ဘယ်သူမှ ထင်မှတ်မထားခဲ့တဲ့ ရလဒ်ပါပဲ။ ၅-၁ နဲ့ ဦးဆောင်နေခဲ့တဲ့ စပိန်ဟာ ဂိုးတွေဆက်တိုက်ပြန်ပေးခဲ့ရပြီး ၅-၄ အထိ ဖြစ်သွားခဲ့ပြီး ဖူဆယ်ပွဲတပွဲရဲ့ ရလဒ်လိုဖြစ်သွားခဲ့ပါတယ်။ ပရိသတ်အားလုံးလည်း ဒီရလဒ်အတွက် အံ့အားသင့်ခဲ့ကြမှာ သေချာပါတယ်။
လာမိုင်းယာမယ်လေး ခြေစွမ်းထပ်ပြခဲ့ပြီး ၂ဂိုးသွင်း၊ ၁ ကြိမ်ဖန်တီးကာ စပိန်နဲ့အတူ နေးရှင်းလိဂ်ဗိုလ်လုပွဲဆီကို တက်သွားခဲ့ပါပြီ။ ဘလွန်းဒီအောဆုအတွက်ပါ သူ ပိုပြီးတော့ ရေပန်းစားလာခဲ့ပြီး အခုဆိုရင် နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရပါတော့မယ်။
ပြင်သစ်ကတော့ ပွဲမပြီးမချင်း ပြန်ရုန်းကန်ခဲ့ပေမယ့် တဂိုးလိုအပ်သွားခဲ့ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကောင်းမွန်မှုကို ပြသနိုင်ခဲ့ပေမယ့် ဂိုးတွေအများကြီးပေးခဲ့ရတာက သူတို့ရလိုက်တဲ့ ပြစ်ဒဏ်ပါပဲ။

image