3 w - Translate

နေပြည်တော်မှာ ရစ်ချ်တာစကေး ၃.၈ အဆင့် ငလျင် အနည်းငယ်လှုပ်ခတ်

(ပြည်တွင်း) ဇွန် ၅
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးအနီးက Royal Myanmar ဂေါက်ကွင်းအတွင်းမှာ အင်အား ၃.၈ အဆင့်ရှိ ငလျင် နည်းငယ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည့် ယနေ့ ဇွန် ၅ ရက် နံနက် ၈ နာရီ ၁၁ မိနစ်ခန့်သည့် ကျောင်းသားကျောင်းသူများ ကျောင်းတက်ချိန်နှင့်တိုက်ဆိုင်နေသဖြင့် သပြေကုန်းအနီးတဝိုက်ရှိကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းအဆောက်အအုံမှ ထွက်ပြေးလာသည့် အခြေအနေများနှင့် မိဘများက ကျောင်းပြင်ပတွင် စုရုံးရောက်ရှိနေသည့်အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“သပြေကုန်းဘက်မှာလှုပ်သွားတာလို့ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ သိ‌တောင်မသိလိုက်ဘူး သတိမထားမိလိုက်တာလည်းဖြစ်မှာပေါ့ ဖြစ်ရၕင်တောင် “ဒုတ်”ဆိုသလောက်ပဲရှိမှာပါ” လို့လယ်ဝေးမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုအပြီးတွင် ဇွန် ၅ ရက် နံနက်အထိ နောက်ဆက်တွဲ ငလျင် ၁၈၇ ကြိမ်ခန့်အထိ လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။