ကလေးလေဆိပ်၌ အထောက်အထားမဲ့ ရွှေတုံးများ သိမ်းဆည်းရမိ +++++
ကလေးမြို့၊ ကလေးလေဆိပ်မှာ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံး သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ သိရပါတယ်။
ရွှေတုံးတွေ အပါအဝင် သိမ်းဆည်းရမိခဲ့တဲ့ ရွှေထည်ပစ္စည်းလေးမျိုးရဲ့ ခန့်မှန်းတန်ဖိုးက ကျပ် ၂.၃ ဘီလီယံကျော် တန်ဖိုးရှိတယ်လို့် ဆိုပါတယ်။
တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က လက်ရှိမှာတော့ မြန်မာ့သတ္တုတွင်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါ တယ်
