ဂါဇာမှာ ခြွင်းချက်မရှိ အပစ်ရပ်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း အမေရိကန် ဗီတိုအာဏာသုံးပြီး ပယ်ချ
ဂါဇာစီးတီး၊ ဇွန်-၅-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ ခြွင်းချက်မရှိ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။
ဂါဇာရှိ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်မှု ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့အချက်တွေပါဝင်တဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီဝင် အခြားအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းဟာ အပစ်အခတ်ရပ်စဲရေးအတွက် သ့တမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ပြားစေပြီး ကုလသမဂ္ဂဟာ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မထားဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ကတော့ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
ဟားမတ်စ်တို့ကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို ထောက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်သံအမတ် ဒိုရိုသီရှီယာက ပြောပါတယ်။ လက်ရှိမှာတော့ ဂါဇာမှာ အကူအညီဖြန့်ဝေမှုအပေါ် စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေပြီး လူနှစ်သန်းကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
ဗြိတိန်သံအမတ် ဘာဘရာ၀ုဝဒ်ကတော့ ဂါဇာမှာ ဆိုးရွားတဲ့ အခြေအနေတွေကို အဆုံးသတ်ဖို့လိုကြောင်းနဲ့ ရေရှည်နိုင်ငံရေးအခြေရရှိဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် အပစ်အခတ်ရပ်စဲရေးကို လိုလားတာကြောင့် ထောက်ခံခဲ့တာလို့ ဆိုပါတယ်။
Ref:BBC

image