3 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မော်လမြိုင်ရှိဘုန်းတော်ကြီးကျောင်းများတွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များမထားရှိရန် နစက ညွှန်ကြား
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းတို့တွင် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များစီးနင်းခြင်း၊ လက်ဝယ်ထားရှိခြင်းမရှိစေရန် နစက၏ မွန်ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်သံဃနာယကထံသို့ ယမန်နေ့(ဇွန် ၄ ရက်) က ညွှန်ကြားထားကြောင်းသိရသည်။
"ဖမ်းနေတာတော့နေ့တိုင်းပဲ။ တော်တော်များများလည်းမိတယ်။ အစီးရေတော့မသိဘူး။ လူမှုကူညီရေး ားလည်းမရဘူးဖမ်းတယ်။ ဘုန်းကြီးကားလည်းဖမ်းတာပဲ။ အခုဆိုရင်မော်လမြိုင်မြို့ထဲမှာကားတွေ၊ ဆိုင်ကယ်တွေ သွားလားမှုမရှိတော့ပဲလမ်းရှင်းနေတယ်" ဟု မော်လမြိုင်မြို့မှဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဝန်းသိုမြို့နယ်တွင်လည်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးခြင်းများရှိကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်လည်း လိုင်စင်မဲ့ကားများ ဝယ်ရောင်းပြုလုပ်ခြင်းကို ဖမ်းဆီးစစ်ဆေးခြင်းများရှိကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
ပြီးခဲ့သည့်မေလ ၂၀ ရက်တွင် နစကဥက္ကဋ္ဌ ကတိုင်းနှင့်ပြည်နယ်အလိုက် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များစီးနင်းခြင်းကို ဖော်ထုတ်အရေးယူရန်၊ နံပါတ်ပြားအတု၊ လိုင်စင်အတုပြုလုပ်ခြင်းများမှာလည်း အခွန်အခများစွာနစ်နာသကဲ့သို့ လုံခြုံရေးအတွက် အခက်အခဲများဖြစ်စေသောကြောင့် ဖော်ထုတ်အရေးယူရန်ပြောဆိုခဲ့ပြီး ယခုဇွန်လ ၁ ရက်တွင်ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ်အလိုက် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို စတင်ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး

image