#ကုန်းဘောင်ကြီးကြော် ကြိုက်သူများ ၁ ပွဲစာ ဆိုင်ကြော်နည်းလေး Save😋
ပါဝင်ပစ္စည်းများ......
အသား က/ဝ၈ ကျပ်သား (အနေတော်အတုံးလေးလှီးထားပါ)
မုန်လာဥနီ ၂ ကျပ်သား
ကြက်သွန်နီ ၂ ကျပ်သား
ဂေါ်ဖီပန်း၂ ကျပ်သား
ဘိုစားပဲ ၂ ကျပ်သား
ပန်းငရုတ်ပွအစိမ်း ၂ ကျပ်သား
ပြောင်းဖူးအ​သေး ၂ ခု
ပါဝင်ပစ္စည်းများကို ပုံထဲကအတိုင်းလှီးထားပါ။
အရသာအတွက်......
ခရုဆီထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ် ၁ ဇွန်း
ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း
သကြား ၁
အချိုမှုန့် ၁
ဆီမွှေးအနည်းငယ်
ကြက်သွန်မြိတ် အနည်းငယ်
ငရုတ်သီးအခြောက်တောင့် ၅ တောင့်
ကြော်နည်း......
အရင်ဆုံး အသားကို ကြက်သားမှုန့်အနည်းငယ် ဆီမွှေးငရုတ်ကောင်း ပဲငံပြာရည်အပျစ် အနည်းငယ်ထည့်နယ် ကော်မှုန့်အနည်းငယ်ထည့်နယ်ပြီး ဆီပူပူ ဆီများများမှာထည့်ကြော်ပါ။
အသားကျက်လောက်ပြီးဆိုမှ ငရုတ်သီးခြောက်အတောင့်နှင့်အသီးရွက်တွေကို ၃ မိနစ်လောက် ထည့်ကြော်ပြီး ဇကာနဲ့ဆီပြန်ဆစ်ထားပါ။
အရသာစပ်မယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပါ။
နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ အမျှင်လှီးထားတဲ့ဂျင်းအနည်းငယ်ထည့်ပါ။ ပြီးရင် အနည်းငယ်နွမ်းအောင်ကြော်ပါ။
အရသာတွေအကုန်ထည့်ပြီး မွှေပါ။ ဆီပူထိုးထားတဲ့အသီးရွက်တွေထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။
​ဆီမွှေးထည့်မယ် ကြက်သွန်မြိတ်ထည့်မယ် မီးပျင်းပျင်းလေးနဲ့ အနည်းငယ်ကြော်ပေးလိုက်ရင်တော့ အနံ့အရမ်းမွှေးပြီး
စားလို့အရမ်း​တဲ့ ကုန်းဘောင်ကြီးကြော် တစ်ပွဲစာ ရပါပြီး ခင်ဗျာ.........။

image