3 ပတ် - ဘာသာပြန်ပါ။

ထိုင်ထ လေ့ကျင့်ခန်း ပြုလုပ်တော့မည်ဆိုလျင်
ကာယကြံ့ခိုင်မှု့အားကစားနယ်ပယ်တွင် အခြေခံအကျဆုံးသော လေ့ကျင့်ခန်းဖြစ်ပြီး၊
ကစားသမားတိုင်း မဖြစ်မနေ လေ့ကျင့်ရန် လိုအပ်သော လေ့ကျင့်ခန်းမှာ ထိုင်ထလေ့ကျင့်ခန်း
(Squat) ဖြစ်သည်။ထို Squat ကိုလေ့ကျင့်ရမည့် နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါသည်။
-ပထမဦးစွာ ခြေဖဝါးနှစ်ဖက်ကို ပခုံးအကျယ်အတိုင်းရပ်ပါ။ ခြေဖျားများကို တည့်တည့်ထားပါ။
သို့မဟုတ် ခြေဦးကို အပြင်သို့အနည်းငယ် လှည့်ထားနိုင်ပါသည်။
-ခါးကို ကော့၊ ရင်ကိုမတ်မတ်ထားပါ။ အလေးထမ်းထိုင်ထ ပြုလုပ်မည်ဆိုလျင်၊ အလေးတန်းကို
ဂုတ်ပိုးသားများ(အင်္ကျ ီကော်လံအရင်းနား)တွင်ထားပါ။
-အသက်ကို ၀၀ရှုသွင်း၍ ခါးကိုကော့ပြီး ဖြည်းဖြည်းခြင်း ထိုင်ချလိုက်ပါ။
-ထိုသို့ထိုင်ချချိန်တွင် ဒူးနှစ်ဖက် ဘေးသို့ကားမသွားပါစေနှင့်။
-ပေါင်များသည် ကြမ်းပြင်နှင့် မျဉ်းပြိုင်ဖြစ်သည့်အနေအထား အရောက်တွင် ထိန်း၍ု
ပေါင်ကြွက်သားများကို ညှစ်ကာ ဖြည်းဖြည်းချင်း ပြန်ထပါ။
-အကယ်၍ တင်ပါးနှင့်ဖနှောင့် ထိသည်အထိ ထိုင်လိုက်လျင်
တင်ကြီးလာမည်ဖြစ်သည်။
-မတ်မတ်ရပ်မိချိန်တွင် အသက်ကိုရှုထုတ်လိုက်ပါ။ ထို့နောက် တဖန် အသက်၀၀ရှုသွင်း၍
နောက်တစ်ကြိမ် ပြန်ထိုင်ချပါ။
-ထိုင်ထလေ့ကျင့်ခန်း ပြုလုပ်နေသည့် တလျောက်လုံး ဝမ်းဗိုက်ကြွက်သားများနှင့် တင်ပါးသားများ
ကိုညှစ်ထားပါ။
-ခေါင်းမငုံ့ထားပါနှင့်။ ထို့အတူခေါင်းလည်း မော့မထားပါနှင့်။ မျက်စိကို ရှေ့တည့်တည့်ထား၍
မတ်မတ်နေရန် သာလိုအပ်ပါသည်။
-ဒူးများသည် ခြေဖျားများထက်အရှေ့သို မရောက်စေရန်ဂရုပြုပါ။
-မည်သည့် လေ့ကျင့်ခန်းပြုလုပ်သည်ဖြစ်စေ အသက်ကို လုံးဝအောင့်မထားပါနှင့်။
ပုံမှန်ရှုသွင်း ရှုထုတ်ပြုလုပ်ပါ။
-အထက်ပါ လမ်းညွှန်ချက်များသည် အခြေခံအကျဆုံးသော လေ့ကျင့်ခန်းတစ်ခုဖြစ်သည့် Squat @
ထိုင်ထ လေ့ကျင့်ခန်း အတွက် လမ်းညွှန်ချက်ဖြစ်သည်။ Squat ၏ အခြားသော မူကွဲပုံစံများဖြစ်
သည့် Goblet squat, Bulgarian squat, Single leg squat and Sissy squat တို့အကြောင်း
ကိုလည်း ဆက်လက်တင်ဆက် ပေးသွားပါမည်။

image