3 ပတ် - ဘာသာပြန်ပါ။

လွယ်လွယ်နဲ့ရတဲ့အရာတစ်ခုကို
ဘယ်သူကမှ
တန်ဖိုးမထားဘူး
တန်ဖိုးရှိတယ်လို့လည်းမမြင်ဘူး
ကိုယ်က,ကောင်းပေးလွန်းရင်
လောကကြီးမှာ ချောင်ထိုးခံရတတ်တယ်
လူတွေက
မရတဲ့အရာကို ပိုလိုချင်ကြတယ်
ရထားတဲ့အရာကို တန်ဖိုးမထားကြဘူး
မရှိတဲ့အရာကို ပိုရှာဖွေကြတယ်
ရှိနေတဲ့အရာကို တန်ဖိုးမထားကြဘူး
မပြောတဲ့သူဆီက
စကားတွေကို မျှော်လင့်ကြတယ်
ပြောပြနေတဲ့သူဆီက စကားတွေကို
နားမထောင်ချင်ဘူး
တည်နေတဲ့သူဆီက
အပြုံးကို မြင်ချင်ကြတယ်
ပြုံးပြနေသူကိုကျ တံထွေးနဲ့လှမ်းထွေးချင်တယ်
ကိုယ်ဘက်က ဘယ်လောက်ကောင်းကောင်း
လွယ်လွယ်ရသလိုဖြစ်သွားရင်
တန်ဖိုးမဲ့တတ်တယ်
လွယ်လွယ်ရရင် ချောင်ထိုးပစ်ခံရတဲ့အထဲမှာ
စေတနာ ခင်မင်မှု နဲ့ အချစ်တို့က
ထိပ်ဆုံးကပဲ
လူတိုင်းက ကိုယ့်အပေါ်ကောင်းမယ်လို့
မမျှော်လင့်ထားပါနဲ့
ကိုယ်ကပဲ လူတိုင်းကို
ကောင်းပေးနိုင်ဖို့ကြိုးစားပါ
ကိုယ်ပေးသောမေတ္တာ
ကိုယ့်ဆီပြန်ရောက်မယ်လို့မမျှော်လင့်ထားပါနဲ့
ပေးကတည်းက အပြီးပေးလိုက်ပါ
အဖက်မလုပ်ခံရတာတွေများပြီး
အရမ်းနာကျင်လာတဲ့အခါ
မှန် တစ်ချပ်လိုပဲနေလိုက်ပါ
အဆင်ပြေသွားမှာပါ။

image