3 ပတ် - ဘာသာပြန်ပါ။

တစ်ကယ်ကို ဘာမှ ရှောင်စရာမလိုတာပါ။ တစ်နေ့တာ လိုအပ်တာထက် လျှော့စားနေဖို့ပဲ လိုပါတယ်။
❗️ဒါဆို ဘာကြောင့် ဟိုဟာရှောင်၊ ဒီဟာရှောင်၊ ဟိုဟာ မစားနဲ့ ဒီဟာ မစားနဲ့ ပြောနေကျသလဲဆိုရင်…
🌭🍕များသောအားဖြင့် ကျွန်တော်တို့ စားချင်တဲ့ အစားသောက်တွေက Calories အရမ်းများနေတတ်ပါတယ်။
နဂိုကတည်းက Calories အရမ်းများတာတွေကိုမှ အလွန်ကျွံထပ်စားမိတော့ တစ်နေ့တာ လိုအပ်တာထက် ပိုတဲ့ပမာဏကို ခဏလေးနဲ့ ရောက်သွားပါတယ်။ 💯
✔️တခါတလေ ပိုစားမိတာက ကိစ္စမရှိပေမယ့်၊ အမြဲပိုစားမိနေရင်တော့ ဝိတ်ကျလာမှာ မဟုတ်တော့ပါဘူး။
ဘဝတခုလုံး စားချင်တာတွေကို အလွန်ကျွံ စိတ်မထိန်းနိုင်ဘဲ စားထားခဲ့ကျလို့ ကိုယ်အလေးချိန် တက်လာကျတာဟုတ်..⁉️
အဲ့တော့ “အာဟာရပြည့်ဝစွာနဲ့” Calorie Deficit ဖြစ်ဖို့ တချို့ကိုယ်ကြိုက်တဲ့အရာတွေကို ရှောင်သင့်ရင်တော့ ရှောင်ရမှာပဲမဟုတ်လား..❓
💎 ခန္ဓာကိုယ်အပြောင်းလဲလုပ်ဖို့ ပျောက်ဆုံးသွားတဲ့ အနုပညာတခုလို့တောင် တင်စားရတော့မလိုဖြစ်နေတဲ့အရာက အခုခေတ်မှာ (discipline) ပါပဲ။