မျှော်လင့်ချက်တွေ ၊ အားကိုးချင်စိတ်တွေ နည်းပါးအောင် နေထိုင်ပါ ။ တစ်ခုခုဆို တစ်ယောက်ယောက်ကို လိုအပ်နေတာမျိုး မဖြစ်ပါစေနဲ့ ။
“ ဘယ်သူမှ မရှိလည်း ဖြစ်တယ် ။ တစ်ယောက်တည်းလည်း အဆင်ပြေပါတယ် ” ဆိုတဲ့ လူမျိုးဖြစ်အောင်သာကြိုးစားပါ ။ ကျွန်တော်တို့ဟာ တစ်ယောက်တည်း မွေးဖွားပြီး တစ်ယောက်တည်း ပြန်သွားကြရမဲ့ လူတွေ … ။
တည်မြဲခြင်းဆိုတဲ့အရာ ဘာတစ်ခုမှ ရှိမနေပါဘူး ။
ကျွန်တော်တို့ဟာ ဘယ်သူ့အပေါ်ကိုမှ ခံစားချက်တွေ
မလွန်ကဲသွားစေဖို့ ထိန်းချုပ်တတ်ရပါလိမ့်မယ် ။ ဘယ်သူကမှ ကျွန်တော်တို့အနား ကြာကြာမနေနိုင်ကြပါဘူး ။
မနှစ်က ဘေးနားက လူတွေဟာ အခုချိန် မရှိတော့ဘူး ။ နောက်နှစ်တွေမှာလည်း ဒီအဖြစ်က ထပ်ကြုံရပါဦးမယ် ။ အခု ရှိနေတဲ့ လူတွေလည်း တစ်ချိန်မှာ ထားသွားခဲ့ကြပါဦးမယ် ။ ပိုင်ဆိုင်မှုတွေတိုင်းဟာ အဆုံးသတ်မှာ စွန့်လွှတ်ရဖို့ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတတ်ပါစေ ။
မျှော်လင့်ချက်တွေ မလွန်ကဲပါစေနဲ့ ။ ကြိုတင်မမြင်နိုင်တဲ့ အခြားတစ်ဖက်ကို မျှော်လင့်ချက်တွေ ပိုမိတဲ့အခါ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လျှင် ပိုနာကျင်ရတတ်ပါတယ် ။ အရာရာတိုင်းဟာ ကိုယ် မျှော်လင့်ထားတဲ့အတိုင်း အဆုံးမတတ်နိုင်တာမို့ တချို့အရာတွေအပေါ် တွယ်ငြိမှုမထားတာကပဲ ကျွန်တော်တို့အတွက် ပိုအဆင်ပြေပါလိမ့်မယ် ။
အားကိုးချင်တဲ့စိတ်တွေကို လျှော့ ၊ တွယ်ငြိမှုတွေကို လျှော့ ၊ ကိုယ် ပေးသလောက် ပြန်ရ ရမယ်ဆိုတဲ့
မျှော်လင့်ချက်တွေကို လျှော့လိုက်ပါ။
အဆိုးဆုံးတွေကို ကြိုတင်တွေးထားတဲ့အခါ ၊ ဖြစ်လာတဲ့ အခက်အခဲတွေဟာ ကျွန်တော်တို့ ထင်သလောက် မဆိုးရွားနိုင်တော့ဘူး မဟုတ်လား ။ ဒါကြောင့် တစ်ယောက်တည်း နေတတ်အောင် သင်ယူပါ ။ ဘယ်သူ့ကိုမှ မှီခိုအားကိုးဖို့ မလိုအောင် ကြိုးစားပါ ။
ဘယ်လောက်လေးပဲ လင်းလင်း ကိုယ်ပိုင်အလင်း အစစ် ဖြစ်ဖို့သာလျှင် အရေးကြီးပါတယ် ။ ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပလာနိုင်တဲ့အခါ ကျနော်တို့အားလုံးဟာ အေးစက် မှောင်မိုက်ခြင်းကို မကြောက်တဲ့ ပိုးစုန်းကြူးငယ်လေးတွေလိုပေါ့ … ။
“ Live Alone , Be Strong ”
“ ကျေနပ်စွာ နေထိုင်ခြင်း ” စာအုပ်မှ
#ကျေနပ်စွာနေထိုင်ခြင်း #tharhtwe
