ဆွီဒင်နိုင်ငံရဲ့ အမှိုက်စီမံခန့်ခွဲမှုစနစ်ဟာ ကမ္ဘာ့အဆင့်မီ ထိရောက်မှုရှိပြီး အခြားနိုင်ငံတွေအတွက် စံနမူနာယူစရာတစ်ခုဖြစ်ပါတယ် သူတို့ဟာ အမှိုက်ကို ဒီတိုင်း လွှင့်ပစ်တာထက် ပြန်လည်အသုံးပြုခြင်း (recycling) နဲ့ အမှိုက်မှစွမ်းအင်ထုတ်လုပ်ခြင်း (waste-to-energy - WtE) ဆိုတဲ့ နည်းလမ်းနှစ်ခုကိုအသုံးပြုကြပါတယ်
ဆွီဒင်နိုင်ငံသားတွေဟာ အိမ်သုံးစွန့်ပစ်ပစ္စည်းတွေရဲ့ ၉၉ % နီးပါးကို ပြန်လည်အသုံးပြုကြပါတယ် နိုင်ငံသားတွေဟာ သူတို့ရဲ့အမှိုက်တွေကိုမလွှင့်ပစ်မှီ အိမ်မှာထဲက စနစ်တကျ ခွဲခြားထားပါတယ် စက္ကူ၊ ပလတ်စတစ်၊ သတ္တု၊ ဖန်၊ အစားအသောက်စွန့်ပစ်ပစ္စည်း စသဖြင့် အမျိုးအစားအလိုက် ခွဲခြားပြီးမှ ပြန်သုံးသင့်လျှင် သုံးပြီး အသုံးမလိုတဲ့ ပစ္စည်းကိုမှ လွှင့်ပစ်ကြပါတယ်
ဒီလို အမှိုက်ခွဲခြားမှုနဲ့ ပြန်လည်အသုံးပြုမှုတွေကြောင့် အမှိုက်ပုံ (landfill) တွေထဲကို ရောက်ရှိတဲ့အမှိုက်ပမာဏဟာ အလွန်နည်းပါးသွားပါတယ်
ပြန်လည်အသုံးပြုလို့ မရတော့တဲ့ အမှိက် ၁ % ခန့်ကိုတော့ စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်တဲ့ (WtE) စက်ရုံတွေမှာ လျှပ်စစ်ဓာတ်အားနဲ့ အပူစွမ်းအင် ထုတ်လုပ်ဖို့ အသုံးပြုပါတယ်
ဒီစက်ရုံတွေမှာ အမှိုက်တွေကို အပူချိန်မြင့်မားစွာနဲ့ လောင်ကျွမ်းစေပြီး ထွက်လာတဲ့ အပူစွမ်းအင်ကို ရေနွေးငွေ့အဖြစ် ပြောင်းလဲကာ တာဘိုင်တွေလည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ပေးပါတယ်
WtE စက်ရုံတွေဟာ ခေတ်မီတဲ့ စစ်ထုတ်စနစ် (filter systems) တွေ တပ်ဆင်ထားတာကြောင့် လေထုညစ်ညမ်းမှုကို အတတ်နိုင်ဆုံး လျှော့ချပါတယ် အမှိုက်တွေကို မြေမြှုပ်ပစ်တာထက် ကာဗွန်ထုတ်လွှတ်မှု နည်းပါးပြီး သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုက်မှု နည်းစေပါတယ်
ဆွီဒင်နိုင်ငံရဲ့ ဒီလို ထိရောက်တဲ့စနစ်ကြောင့် တစ်ခါတစ်ရံ ပြည်တွင်းကအမှိုက်တွေ ပြတ်လပ်တဲ့အထိဖြစ်လာပါတယ် စွမ်းအင်ထုတ်လုပ်တဲ့ စက်ရုံတွေ လည်ပတ်နိုင်ဖို့ လုံလောက်တဲ့ အမှိက်တွေ မရှိတော့တဲ့အခါ ဗြိတိန်၊ နော်ဝေ နဲ့ အီတလီလို တခြားနိုင်ငံတွေဆီကနေ အမှိုက်တွေကို တင်သွင်းပါတယ် အဲ့လိုတင်သွင်းတဲ့အခါ အမှိုက်ပိုင်ရှင်နိုင်ငံတွေက ဆွီဒင်နိုင်ငံကို အခကြေးငွေပေးရပါတယ်
ဒီလိုစနစ်တကျ စီမံခန့်ခွဲမှုတွေကြောင့် ဆွီဒင်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်
#knowledge #ဗဟုသုတ
