4 ပတ် - ဘာသာပြန်ပါ။

Spirograph Nebula (စပိုင်ရိုဂရပ် နက်ဗျူလာ)

ဒီစကြဝဠာထဲက ရတနာလေးကတော့ IC 418 လို့လည်း ခေါ်တဲ့ Spirograph Nebula ဆိုတဲ့ planetary nebula အမျိူးအစား နက်ဗြူလာတစ်ခုဖြစ်ပါတယ်။

သူက ကမ္ဘာကနေ အလင်းနှစ် ၂,၀၀၀ လောက်ဝေးတဲ့ Lepus ကြယ်စုတန်းမှာ တည်ရှိပါတယ်။

စပိုင်ရိုဂရပ်ဖ် နက်ဗျူလာရဲ့ ခရမ်းရောင်နဲ့ လိမ္မော်ရောင် အလင်းတန်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပုံသဏ္ဌာန်တွေကို တွေ့ရပါတယ်။ Hubble telescope အဖွဲ့က ဒီနက်ဗျူလာပုံကို ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

image