Hubble Space telescope ကြီးရဲ့ နာမည်အကြီးဆုံး ဓာတ်ပုံတွေထဲက တစ်ပုံကတော့ "ဖန်ဆင်းခြင်းရဲ့ ထောက်တိုင်ကြီးများ" Pillars of Creation လို့ ခေါ်တဲ့ ဧရာမ ကောစမစ်ဖုန်မှုန့်နဲ့ ဓာတ်ငွေ့ပင်စည်ကြီး သုံးခုကို ရိုက်ထားတဲ့ ပုံပါပဲ။ ဒါကို Messier 16 (M16) လို့ တရားဝင် သတ်မှတ်ထားပြီး ပိုကြီးတဲ့ Eagle Nebula လင်းယုန်နက်ဗျူလာ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
ထူးဆန်းတာက pillar of creation နေရာ ဟာ အခုလက်ရှိအချိန်မှာမရှိတော့ပဲ ဘေးက Supernova ပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုကြောင့် ပျက်စီးသွားခဲ့ပြီလို့ ခန့်မှန်းထားကြပါတယ်။
အခုလက်ရှိမြင်နေရတဲ့အရာဟာ မရှိတော့တဲ့ နက်ဗြူလာတစ်ခုရဲ့ ပုံရိပ်တစ်ခုဖြစ်ပါတယ်။နောက်ထပ် နှစ်ပေါင်း ၁၅၀၀ လောက်အထိ သူ့ပုံရိပ်ကိုကျွန်တော်တို့လေ့လာနိုင်ပါသေးတယ်။
ဟာဘယ်လ် တယ်လီစကုပ်ဟာ မူရင်းပုံကို ၁၉၉၅ ခုနှစ်မှာ ရိုက်ခဲ့တာပါ။ အဲ့ဒီနောက် နှစ် ၂၀ အကြာမှာတော့ ကင်မရာအသစ်နဲ့ ဒီပုံကို ထပ်မံ ရိုက်ကူးခဲ့ပါတယ်။ ဒီပုံအသစ်ကိုတော့ ဟာဘယ်လ်ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
