တာရန်တူလာ နက်ဗျူလာ Tarantula Nebula
ဒီ Hubble အာကာသ တယ်လီစကုပ်ပုံမှာ တာရန်တူလာ နက်ဗျူလာ ရဲ့ အစွန်အဖျားမှာ ရှိတဲ့ ကြယ်စင်အစုအဝေးနေရာတစ်ခုကို ပြထားပါတယ်။
LHA 120-N 150 လို့ ခေါ်တဲ့ ဒီပန်းရောင်တောက်တောက် အာကာသ တိမ်တိုက်ကြီးဟာ ကမ္ဘာကနေ အလင်းနှစ် ၁၆၀,၀၀၀ ကျော်ဝေးတဲ့ Large Magellanic Cloud (မက်ဂျလန်း တိမ်တိုက်ကြီး) ထဲမှာ တည်ရှိပါတယ်။ Large Magellanic Cloud က ကျွန်တော်တို့ နဂါးငွေ့တန်း ဂလက်ဆီကို လှည့်ပတ်နေတဲ့ ဂလက်ဆီသိမ် dwarf galaxy တစ်ခုပါ။
ဒီရောင်စုံနက်ဗျူလာဟာ ကြယ်အသစ်တွေ ဖြစ်ပေါ်မှုနဲ့ ပြည့်နှက်နေပြီး "ဒီမှာတည်ရှိနေတဲ့ဧရာမကြယ်တွေရဲ့ နီးကပ်စွာ တည်ရှိမှု ပမာဏက အလွန်များတယ်" လို့ ဟာဘယ်လ် သိပ္ပံပညာရှင်တွေက ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားပါတယ်။
LHA 120-N 150 ကို လေ့လာခြင်းအားဖြင့် နက္ခတ္တဗေဒပညာရှင်တွေဟာ ဧရာမကြယ်တွေ ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်အကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
