4 w - Translate

ပေ ၃၀၀၀ အမြင့်ပေါ်မှာ ကိုယ့်ရဲ့ရင်သွေးလေးကိုကာကွယ်ပေးတဲ့ vampire မေမေ

Blood red sky

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီဇာတ်ကားကို စမြင်တော့ လေယာဉ်ပြန်ပေးဆွဲတဲ့ကားပဲပေါ့လိုတွေးလိုက်တာ။

တကယ်လည်းလေယာဉ်ပြန်ပေးဆွဲတဲ့ကားဆိုပေမဲ့ နောက်ဆက်တွဲဇာတ်လမ်း ဇာတ်ကွက်တွေက

တော်တော်ကြီးကိုဆန်းပြားတယ်...

သားအမိနှစ်ယောက် အမေရိကကို ဆရာဝန်နဲ့သွားတွေ့ဖို အဲဒီလေယာဉ်နဲ့သွားတယ်။

အဲဒီလေယာဉ်ပေါ်မှာ အရှေ့အလယ်တိုင်းသား ရူပဗေဒပညာရှင်တစ်ယောက်ပါပါလာတယ်။

အဲဒီလိုနဲ့ လေယာဉ်ပြန်ပေးဆွဲခံရတယ်ပေါ့။ လေယာဉ်ပြန်ပေးသမားတွေက ရူပဗေဒပညာရှင်ရယ်

တခြား အရှေ့အလယ်တိုင်းသားနှစ်ယောက်က ပြန်ပေးဆွဲတဲ့ပုံစံနဲ့ ထောင်ချောက်ဆင်ပြီး

သူတိုက ခုန်ချနေခဲ့ကြမယ်လို စီစဉ်ထားတယ်။ ဒါပေမဲ့ သားအမိနှစ်ယောက်ထဲက အမေကို ပြန်ပေးသမားထဲက

စိတ်ရူးပေါက်နေတဲ့ကောင်က သတ်လိုက်တဲ့ အချိန်မှာ အမေဖြစ်သူက မသေဘဲ ပြန်ရှင်လာတယ်။

သေအောင်သတ်ထားတာကိုမှ အမေဖြစ်သူက ဘာလိုမသေဘဲပြန်ရှင်လာတာလဲ...

ကောင်းကင်မှာသွေးတွေဘယ်လိုလွှမ်းကုန်မလဲဆိုတာကိုတော့...

image