ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်‌ရပေမယ့် မပျော်နေတာမျိုးဖြစ်ဖူးကြလား၊တကယ်တော့ ကိုယ်ဝါနာပါတာကို လုပ်နေရတာမှန်ပေမယ့် ကိုယ်လုပ်ချင်တဲ့ ပုံစံနဲ့ကွဲပြားနေတာကြောင့်လို့ပဲပြောရမယ်ထင်ပါတယ်။
ဒီနေ့ကတော့ အစားဆို ဘာလာလာဒေါင်တဲ့သူတွေအတွက် ကြည့်နေရင်းဗိုက်စာစ်မယ့် စားဖွယ်တွေနဲ့အတူ စိတ်ခွန်အားပေးမယ့် ရုပ်ရှင်ကောင်းတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။IMDbမှာလည်း 7.3 အထိရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့လည်း John Favreau , Scarlett Johanssoj , John Leguizamo , Sofia Vergara နှင့် Robert Downey Jr. တိုလို မင်းသားကြီးတွေပါ၀င်ထားတာမလို့ကြည့်ရကျိုးနပ်စေမယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းအနေနဲ့ကတော့ Carl ဆိုတဲ့ စားဖိုမှူးတစ်ယောက်မှာ သားတစ်ယောက် နဲ့ လက်ထပ်မထားတော့ အိမ်ခွဲနေကြတဲ့ မိန်းမတစ်ယောက်ရှိပါတယ်။Carl အတွက်ကတော့ ဟင်းတွေကို ဘယ်လိုချက်မယ် ၊ ဘယ်လုပ်ရင်ပိုကောင်းမယ် ၊ ဘယ်လိုချက်လိုက်ရင် လူတွေကြိုက်မလဲ ဆိုတာပဲ တစ်နေကုန် စဉ်းစားပြီး စားဖိုဆောင်က မထွက်တဲ့ ဝါသနာအိုးတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်တော့ ဝေဖန်ရေးသမားတစ်ယောက်က သူချက်ထားတာကို လိုင်းပေါ်မှာ မကောင်းပြောတော့ Carl ကလည်း Twitter မသုံးတတ်သုံးတတ်နဲ့ ဝေဖန်ရေးသမားစီ တိုက်ရိုက်ပို့ချင်တဲ့စာကို ပို့စ်အဖြစ်တင်မိလိုက်ပါတယ်။အဲ့ဒီကနေ ပွဲဖြစ်သွားပြီး အလုပ်ပါပြုတ်သွားပါတယ်။ဒီလိုနဲ့ သူများလက်အောက်မှာ အလုပ်မလုပ်ချင်တဲ့ Carl ကို သူ့မိန်းကပဲ ဗန်ကားလေးတစ်စီးစီစဉ်ပေးလိုက်ပါတယ်။ဗန်ကားတည်ရှိရာ မိုင်ယာမီကနေ ကယ်လီဖိုးနီးယားကို Carl လည်း တစ်ခါတည်း မုန့်ရောင်းရင်းပြန်ဖို့ စီစဉ်လိုက်ပြီး သူ့သား၊သူ့သူငယ်ချင်းနဲ့အတူ ကယ်လီဖိုးနီးယား ခရီးစဉ်လေးတွေကို စားဖိုဆောင်တုန်းကလိုတောင်မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်လုပ်ရမယ့်အလုပ်လေးကိုလုပ်ရင်း ရိုးရိုးရှင်းရှင်းလေးနဲ့ အလှပဆုံးကြည့်ရှုရမှာဖြစ်ပါတယ်။
ရုပ်ရှင်မှာ ဘာမှရှုပ်နေတာမျိုးမပါဘဲ အေးအေးဆေးဆေးလေးနဲ့ စားချင်သဖွယ် အစားအသောက်တွေ၊ သားအဖ ‌ဆက်ဆံရေးတွေ၊ဘ၀မှာ အလုပ်တွေကြီး နပ်မျော်မိနေတာတွေ၊ကတိတည်တဲ့ သူငယ်ချင်းတွေ ဒါတွေကို ရိုးရိုးလေးပဲချပြပေးထားတဲ့ရုပ်ရှင်မျိုးဖြစ်ပါတယ်။ဒါကြောင့် လူငယ်တွေဆိုတာထက် လူတိုင်းကြည့်သင့်တဲ့ရုပ်ရှင်လေးတစ်ခုဖြစ်တာမလို့ "Chef(2014)" ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
Author : JinX

image