4 ပတ် - ဘာသာပြန်ပါ။

ဂျပန် Romance/Drama ရုပ်ရှင်တစ်ကားဖြစ်ပြီး IMDb မှာလည်း 7.6 အထိရရှိထားတဲ့ ရုပ်ရှင်ကားကောင်း‌လေးတစ်ကားဖြစ်ပါတယ်။ဂျပန် ကားတွေရဲ့ အချစ်ကားတွေကလည်း တမူထားခြားပြီး ကြည်နူးစရာ‌ကောင်းတာမလို့ ဒီရုပ်ရှင်လေးကို ကြည့်ရှုဖို့ ဇာတ်လမ်းလေးကို ပြောပြချင်ပါတယ်။
ဇာတ်လမ်းကတော့ ကောင်လေးတစ်ယောက် နှင့် ကောင်မလေး တစ်ယောက်ရဲ့ သူငယ်ချင်းမက ရည်းစားမကျတဲ့ ဆက်ဆံရေး‌လေးနဲ့ စတင်ထားပါတယ်။သူတို့နှစ်ယောက် သူတို့ နှစ်သက်တဲ့ စာအုပ်တွေ ရုပ်ရှင်တွေ နှင့် သီချင်းတွေကအစ အကြိုက်ချင်းတူကျတာမလို့ သူတို့ ရင်ထဲမှာတော့ သူငယ်ချင်းအဆင့်ထက်ပိုနေကြပါပြီ။ဒါကြောင့် တတိယ အကြိမ် တွေ့ဆုံမှုမှာတော့ သူတို့ရဲ့ ရင်ထဲက အချစ်တွေကို ဖွင့်ဟရင်း ရည်းစား‌တွေဖြစ်သွားကြပါတယ်။သမီးရည်းစားတွေရဲ့ အစအတိုင်း ပျားရည်ပေါ် သကာရည်လောင်းထားသလို သူတို့အချစ်ရေးလေးက အဆင်ပြေတာထက်တောင် ပိုနေပါသေးတယ်။ဒီလိုနဲ့ နှစ်‌ယောက်လုံး ဘွဲ့ရပြီး အလုပ်ရှာချိန်မှာလည်း တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက် ကြင်နာမှုတွေပေးရင်း သူတို့ဆက်ဆံရေးလေး‌ကို ရှေ့ဆက်သွားကြတယ်။နောက်ပိုင်းမှာတော့ ကောင်လေးက သူပါသနာပါတဲ့ ပုံဆွဲတာကို စွန့်လွှန့်ပြီး လစာ အဆင်ပြေတဲ့ အလုပ်မှာပဲ ၀င်လုပ်ရပါတော့တယ်။ဒီလို ကိုယ်စိတ်မပါတဲ့ အလုပ်မှာ လုပ်ရတဲ့ အကျိုးဆက်ကြောင့် ကောင်လေးက အလုပ်တွေပိုပြီးပင်ပန်းလာသလို ကောင်မလေးနဲ့ တွေ့ချိန်မှာလည်း အေးစက်လာပါတော့တယ်။ဒီလိုအေးစက်စက်ဖြစ်လာတဲ့ ဆက်ဆံရေးအတွင်းမှာဘဲ ကောင်မလေးကပါ သူမလုပ်ချင်တဲ့ အလုပ်ကနေ ထွက်ပြီး သူ့သူငယ်ချင်းရဲ့ Company အသစ်မှာ သွားလုပ်တော့ အစကတည်းက မလုပ်ချင်တာ လုပ်ပြီး အိမ်ရဲ့ ကုန်ကျစရိတ်ကို ခံနေရတဲ့ ကောင်လေးက စိတ်တိုသွားပြီး သူတို့ နှစ်ယောက် စကားများကြပါတယ်။နောက်နေ့တွေမှာတော့ သူတို့ရဲ့ မအားလပ်တဲ့ အလုပ်ကိုယ်စီကြောင့် အပြင်မှာ တွေ့ရင်တောင် ပြုံးပြနှုတ်ဆက်ယုံလောက်ပဲရှိပါတော့တယ်။တစ်ခန်းထဲ အတူတူနေရပေမယ့် ဘ၀တစ်ခုစာလောက် ဝေးကွာသွားတဲ့ သူတို့အချစ်တွေ နှင့် လူကြီးမင်းတို့ရဲ့ Crush နဲ့ ဆက်ဆံရေးလိုပဲ သူတို့ရဲ့ ဆက်ဆံရေးတွေ ပိုမိုအေးဆက်လာ‌တဲ့အခါ သူတို့ဘ၀ ရှေ့ရေးအတွက် သူတို့ဘယ်လမ်းကိုရွေးချယ်သွားကြမလဲ....
အချစ်၊အလွှမ်း၊ကြည်နူးစရာ၊၀မ်းနည်းစရာလေးတွေနဲ့ ပြည့်နက်နေတဲ့ ဂျပန်ရုပ်ရှင်ကောင်းတစ်ခုဖြစ်တာမလို့ " We Made a Beautiful Bouquet (2021) " ကို ကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image