အခုလို မိုးရာသီနဲ့ လိုက်မယ့် ရုပ်ရှင်လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။IMDb မှာလည်း 7.4 အထိရရှိထားတဲ့ ကိုရီယားကားလေးဖြစ်ပြီး မူရင်း တရုတ်ကားကို remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ငယ်ငယ်လေးကတည်းက အတူတူကြီးပျင်းလာကြတဲ့ ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်။သွားအတူလာအတူ အမြဲတမ်းတစ်တွဲတွဲနှင့် တစ်ယောက်မရှိရင် မနေနိုင်လောက်တဲ့အထိကို ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်။ဒီလို သူတို့နှစ်‌ယောက်ကြားထဲကို ဟန်ဂျင်ဝူး ဆိုတဲ့ ကောင်လေးတစ်ယောက်၀င်ရောက်လာတဲ့အခါမှာတော့ အဖြူရောင် သံယောဇဉ်တွေကြားထဲကို နောက်ထပ် အရောင်စုံတဲ့ သံယောဇဉ်တွေ ရောယှပ်လာရင်း သူတို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးတစ်ခုကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက အေးအေးလေးနဲ့ ရင်ထဲရောက်မယ့် ‌ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။အဓိက ပါ၀င်တဲ့ မင်းသမီး နှစ်ယောက်ကလည်း Jeon SoNee နှင့် Byun WooSeok တို့အချောလေးနှစ်ယောက်ဖြစ်ပြီး ကောင်လေးကတော့ Our Beloved Summer ထဲက Kim Dami ဖြစ်ပါတယ်။ဒီလို မင်းသားချော မင်းသမီးအချောလေးတွေ နဲ့အတူ ကောင်းမွန်တဲ့ ဇာတ်လမ်းတည်ဆောက်မှုလေးတွေကြောင့် "Soulmate(2023)" ကိုကြည့်ရှုခံစားကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image