2011 ခုနှစ်က ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ခုကိုဖြစ်ပြီး IMDB 8.5 တောင်ရရှိထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တာမလို့ ဒီနေ့အတွက် ပြောပြချင်ပါတယ်။
ဇာတ်လမ်းကတော့ မီလီယံ သူဌေးကြီး ဖီးလစ် ဟာ လေထီးခုန်ချရင်း မတော်တဆ တစ်ခုဖြစ်ပြီး ဒဏ်ရာအကြီးအကျယ် ရသွားပါတယ်။ဒီ မတော်တဆမှု ကြောင့် သူဌေးကြီး ဖီးလစ် ဟာ ခန္ဓာကိုယ် အောက်ပိုင်းကို ဆုံးရှုံးလိုက်ရပြီး သူ့ကျန်ရှိတဲ့ တစ်ဘ၀လုံးကို ဝှီးကျဲပေါ်မှာပဲ ရှင်သန်ရပါတော့တယ်။သူဌေးကြီး ဖီးလစ်ရဲ့ လူနာစောင့် အလုပ်ခေါ်တော့ ဒရစ် ဆိုတဲ့ကောင်လေး ရောက်လာပါတယ်။ဒရစ်က လူမဲ ထောင်ထွက်တစ်ယောက်ဖြစ်ပြီးဝောာ့ သူမိသားစု‌အတွက် ကြိုးစားရုန်းကန်နေရတဲ့ကောင်လေးတစ်‌ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ မီလီယံ သူဌေးကြီး ဖီးလစ် နှင့် လူမဲ ဒရစ်တို့ တစ်ယောက်နဲ့တစ်ယောက် စိတ်သန့်သန့်နဲ့ ဆက်ဆံကြတဲ့အခါ သူတို့ဘ၀ရဲ့ အတွေ့အကြုံ အမြင်တွေကို စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီလိုရုပ်ရှင်တွေကြည့်ရတာ အတွေးတစ်ခုမဟုတ် တစ်ခု‌တော့ ကျန်ခဲ့တာပါပဲ။ဟာသလေးတွေရောပြီး ရင်ထဲရောက်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တာမလို့ "The Intouchables (2011)" ကို ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image