4 w - Translate

ဘာမဆို အင်မတန် အကြွားသန်သော
ကြည်ပြာသည် ကျွန်တော်နှင့်ပတ်သက်၍
ရေငုံနှုတ်ပိတ် ဖြစ်နေရရှာသည်။
ငါ့ရည်းစားက ဘာ၊ ငါ့ ကောင်လေးက ညာ
ဆိုသည့် အတန်းအားချိန် စကားဝိုင်းများတွင်
ကြည်ပြာသည် မျက်နှာငယ်နေရရှာ၏။
ပိုက်ဆံကလည်း မချမ်းသာ၊ နာမည်ကြီး
မင်းသားတစ်ယောက်နှင့်လည်းရုပ်ချင်းကမဆင်၊
ပတ်စ်ပို့တွေဘာတွေ လျှောက်ထားသည့်
လူကလည်းမဟုတ်၊ အရပ် ငါးပေ၊
အဆီပြန်နေသည့် မျက်နှာတစ်ခု၊
ငွေတောင်ဆေးပေါ့လိပ် အတို၊
ဝတ္ထုစာအုပ်တစ်အုပ်နှင့် အူကြောင်ကြောင်
ကျွန်တော့်ကို ကြိုက်မိတာ မှားပြီဟု
ကြည်ပြာသည် သူငယ်ချင်းများရှေ့တွင်
ညည်းရှာသည်။ ကျွန်တော်နှင့်ပတ်သက်၍
ကြည်ပြာ၏ အခန်းကဏ္ဍသည်မိန်းကလေးတို့
စကားဝိုင်းတွင် တိုးမှိန်ဖျော့ကျနေရသည်
ဆိုခြင်းကို ကျွန်တော် ဝမ်းနည်း
ထိတ်လန့်စွာ သိခဲ့ရသည် ။ "
" မကြည်ပြာ ငါဟာ မင်းပြောခဲ့သလိုပဲ
တကယ့်ကို ဘာမှသုံးမရတဲ့
လူတစ်ယောက်ပါပဲကွာ "
• နီကိုရဲ •
▪️မကြည်ပြာနှင့် ချစ်ခြင်း၏
▪️နဂ္ဂတစ်များ ပေါင်းချုပ်

image