4 w - Translate

“မင်းလိုချင်တာ ကမ္ဘာကြီးလား”
——————————————-
4th July မှာ စ ရေးဖြစ် တယ်။
မနေ့က အမေရိကန်သမ္မတလောင်း ထရန့် သေနတ်ပစ်ခတ်ခံရတဲ့ သတင်း တက်လာပြီး ဒီနေ့ 15 July မှာ ရေးသားပြီးစီးပါတယ်။
လူတယောက်
ကမ္ဘာကြီးကိုရတယ်
ကြီးကျယ်အောင်ရေးခြင်းမဟုတ်ပါ
ကြီးကျယ်တဲ့ ကမ္ဘာကြီးကိုရပြီး ကြီးကျယ်ရခြင်းပါ
သူ့ ယဉ်ကျေးမှုများ၊အနုပညာများ၊ပြဿနာများ၊ရောဂါများ၊စစ်ပွဲများ အား
လုံး ရပြီး ကြီးကျယ်နေရသော လူတယောက်ပါ။
ရတဲ့ကမ္ဘာကြီးကို ကိုယ်လိုချင်သလို၊မလိုချင်သလို ရွေးချယ်ခွင့်ရှိပါသည်။
လူတယောက်၊ကဗျာဆရာတယောက်နေရာမှ ဒီစာအုပ်ကိုရေးဖြစ်ပါတယ်။
“မင်းလိုချင်တာ ကမ္ဘာကြီးလား”
ဘယ်လိုကမ္ဘာကြီးလဲ
ဘယ်လောက်ပဲပျော်ပျော် တကယ်မပျော်ဘူး
ဘယ်လောက်ပဲ ငွေတွေရရ တကယ်မချမ်းသာဘူး
ကမ္ဘာကြီးရှိပြီး နေစရာမရှိကြဘူး
အဲဒါ ပြဿနာပဲ
ဒီ သံသရာကြော ပင်လယ်ကြောကြီးက ရှည်လျားလွန်းပါတယ်
အဆုံးမရှိ
ဒါဆိုရင် ဘယ်လိုအသက်ရှင်မလဲ
ကိုယ့် ကိုယ် ကို အရင် ပြင်ဆင်ဖို့ပါပဲ
ကောင်းမွန်တဲ့ စိတ်နှလုံးသားကို အရင်ပြင်ဆင်ဖို့ပါပဲ
ကိုယ် စိတ် နေကောင်းကျန်းမာအောင် ဂရုစိုက်ဖို့ပါပဲ
ဘယ်လွယ်မလဲ
လွယ်လွယ် ဘယ်နေကောင်းမလဲ
ကိုယ့်ကိုယ်ထဲမှာလည်း ကိုယ်မဖြစ်ချင်တဲ့စစ်တွေဖြစ်ခဲ့ပါတယ်
ဒါကြောင့် ဒီစာအုပ်ကိုရေးဖြစ်ပါတယ်
သုခမိန်လှိုင်
170
15 July 24

image