4 w - Translate

ကာရန်မပါလျှင် ကဗျာ မဟုတ်ဘူးလို့ တစ်စုံတစ်ယောက်က ပြောဆိုလာခဲ့ရင် အဲဒီစကားကို ကျွန်တော် ငြင်းဆိုမှာ မဟုတ်ဘူး။ ကာရန် ပါပေမဲ့ ကဗျာဓာတ် မပါတဲ့ ကဗျာ
တစ်ပုဒ်ကိုလည်း ကျွန်တော်ကတော့ ဘယ်တော့မှ ကဗျာလို့ မသတ်မှတ်ဘူး။ ငြင်းဆိုနိုင်ပါတယ်။
ကဗျာဓာတ်ဆိုတာ ကာရန်ထဲမှာ ပုန်းခိုနေတဲ့အရာ မဟုတ်ဘူး။ ရစ်သမ်ထဲမှာ၊ စကားလုံးထဲမှာ ပုန်းခိုနေတာလည်းမဟုတ်ဘူး။ ရင်ထဲမှာ တုန်ခါလာတဲ့ ခံစားမှု ပီတိအစဉ်ကို
ကာရန်တွေ၊ ရစ်သမ်တွေ၊ နိမိတ်ပုံတွေ၊ စကားလုံးတွေနဲ့ဖွဲ့စည်းထားတဲ့အရာ တစ်ခုပါ။
တချို့ ကဗျာတွေက ငှက်ကလေးတစ်ကောင် သီချင်းဆိုသွားသလို အသံ သာပြီး ခံစားမှု မပါဘူး။ တချို့ကဗျာတွေကျတော့ ဘုန်းတော်ကြီးတစ်ပါး တရားဟောနေသလို
အဘိဓမ္မာနွံ နစ်ပြီး ကဗျာ ဖြစ်မလာဘူး။
ခေတ်ပြိုင်ဘဝတွေကို ဖြတ်သန်းရင်း ကဗျာဆရာလုပ်မယ့်လူတစ်ယောက်ဟာ ကဗျာရေးနည်း ဥပဒေသကို နောက်မှ
လေ့လာပြီး ကဗျာဆရာတစ်ယောက် ဘယ်လို လမ်းလျှောက်ရမယ်ဆိုတာကို ပထမဆုံး သင်ယူဖို့ လိုလိမ့်မယ်။ အမှတ်တမဲ့ လက်ဖက်ရည်ဆိုင် အထိုင်မှားမိလို့ တစ်ဘဝလုံးလွဲချော်သွားခဲ့ကြရတဲ့ ကဗျာဆရာတွေရဲ့ ပုံပြင်တွေ ကျွန်တော့်
မှာ အများကြီး ရှိလှသပေါ့။
-ပိုင်စိုးဝေ
#ပိုင်စိုးဝေ

image