❛ ၃၃ ❜ တွင် ကျော်မောင်နှင့်
သရဖီတို့၏ အချစ်ဇာတ်လမ်း
ကျော်မောင်၏ ပညာရေးလောကအတွက်
စွန့်လွှတ်လုပ်ဆောင်ခဲ့ရမှုများနှင့်
နောက်ဆုံး ချစ်ရသော သရဖီတစ်ယောက်
သူ့ကို စွန့်ခွာထွက်ပြေးခဲ့ရသော
အကြောင်းများဖြင့် နိဂုံးချုပ်ခဲ့သည်။
ကျော်မောင်တစ်ယောက်
သူချစ်ရသော သရဖီနောက်ကို
တကောက် ကောက်လိုက်ပြီး
ချစ်သူပျောက်ရှာခဲ့သည်။
သူ့ချစ်သူကိုရှာရင်းက
သူချစ်သော ကျောင်းဆရာအလုပ်ကိုပါ
စွန့်ခွာခဲ့ရသည်။
နောက်ဆုံး သူ့ချစ်သူကိုတွေ့သောအခါတွင်
ဆိုင်သာဆိုင်၊ မပိုင်သော ဘဝ
အခြေအနေကို ရောက်သွားသည်။
ထိုကာလကလည်း
“၈၈” အရေးတော်ပုံကြီး
စတင်ဖြစ်ပွားသော ကာလ။
ကျော်မောင်တစ်ယောက်ပဲခူးကို
ပြန်ရောက်ပြီး မမျှော်လင့်ပဲ
“၈၈ အရေးတော်ပုံကြီး ထဲကို
ရောက်သွားသည်။
ဤဝတ္ထုထဲတွင်ပါသော
အကြောင်းအရာများသည် ပဲခူးမြို့တွင်
ဖြစ်ပွား ခဲ့သော “၈၈” အရေးတော်ပုံကြီး၏
သမိုင်းမှတ်တမ်းများကို ကိုယ်တိုင်
ကြုံတွေ့ ခဲ့သူတစ်ဦးအနေဖြင့်
ဇာတ်လမ်းဖြင့် မှတ်တမ်းသမိုင်းကို
ရေးသားခြင်း ဖြစ်ပါသည်။
ဤ “ရိုးမကိုကျောခိုင်း၍" ဝတ္ထုကို
မူလက “၃၃” ၏အဆက် “၃၄” ဟူသော
အမည်ဖြင့် ထုတ်ဝေရန် စီစဉ်ခဲ့သည်။
သို့သော် “ရိုးမကိုကျောခိုင်း၍" ဆိုသည့်
အမည်ကို ပြောင်းလိုက်ရပါသည်။
ထိုသို့ ပြောင်းလဲလိုက်ရသည့်အတွက်လည်း ဇာတ်လမ်းကို ထိခိုက်နိုင်စရာမရှိဟု
ယူဆမိသည်။
သမိုင်းတစ်ကွေ့ ကိုယ်တွေ့
ဖြစ်ရပ်မှန်များကို အမှန်အတိုင်းသိစေရန်
အလို့ငှာ သမိုင်းမှတ်တမ်းတစ်ခုအနေဖြင့်
ရေးသားခြင်းဖြစ်ပါသည်။
လူတိုင်း ကိုယ့်သမိုင်းကိုယ်
ရေးကြသည်မဟုတ်ပါလား။
_ _ _ _ _ _ _ _ _ _ _ _ _
▫️တင်ညွန့်▫️
❛ ရိုးမကိုကျောခိုင်း၍ ❜
