#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အလုပ်ဗီဇာ သက်တမ်းတိုးလုပ်ဆောင်ရမည့် ထိုင်းရောက်မြန်မာလုပ်သားများအတွက်နေထိုင်အလုပ်လုပ်ခွင့် ခြောက်လထပ်တိုး
အလုပ်ဗီဇာသက်တမ်းတိုး လုပ်ဆောင်ရမည့် ထိုင်းရောက်မြန်မာလုပ်သားများအတွက် နေထိုင်အလုပ်လုပ်ခွင့် ခြောက်လထပ်တိုးပေးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံကုန်သွယ်ရေးဘုတ်အဖွဲ့က မြန်မာဘက်မှ အတည်ပြုချက်အား စောင့်ဆိုင်းနေသည့် မြန်မာလုပ်သား ၁ ဒသမ ၈ သန်းအတွက် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်နှင့်အလုပ်လုပ်ခွင့်အား ခြောက်လထပ်မံတိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ အလုပ်လုပ်ကိုင်ခွင့် ဗီဇာကုန်ဆုံးခဲ့သည့် မြန်မာလုပ်သား များအတွက် ထပ်မံသက်တမ်းတိုးလုပ်ငန်းစဉ် လုပ်ဆောင်ရန်ထိုင်းအစိုးရက လာမည့် ဩဂုတ် ၁၃ ရက်အထိယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေးထားပြီး အချိန်မီ မလုပ်ဆောင်ပေးနိုင်သည့်အတွက် ထိုင်းအစိုးရက နောက်ထပ် ခြောက်လထပ်မံတိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာအလုပ်သမား သက်တမ်းတို လုပ်ဆောင်ထားသူများအနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်မှ ၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ ထပ်မံယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါအလုပ်သမားများမှာ ကျန်းမာရေးစစ်ဆေးမှုခံယူရန်၊ ကျန်းမာရေးအာမခံရယူရန်၊ မှတ်ပုံတင်မှတ်တမ်း အချက်အလက်များ Update လုပ်ရန်နှင့် ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် သက်သေခံကတ်ပြား ရယူရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
