Star Wars ထဲက ပုံစံအတိုင်း စီးနိုင်မယ့် Airbike
Volonaut Airbike ဟာ ဂျက်အင်ဂျင် တပ်ဆင်ထားကာ တစ်ကိုယ်တော် စီးရမှာဖြစ်ပါတယ်။ 200 km/h နှုန်းအထိ သွားနိုင်ပါတယ်။ 3D ပရင့်နဲ့ထုတ်ထားတဲ့ အစိတ်အပိုင်းတွေ ပြီးတော့ ကာဗွန်ဖိုက်ဘာ နဲ့တည်ဆောက်ထားတာကြောင့် ပုံမှန် ဆိုင်ကယ်တစ်စီးအလေးချိန်ထက် ၇ဆ နီးပါးလောက် ပေါ့ပါတယ်။ ဒါပေမယ့် ဂျက်အင်ဂျင်ကြောင့် အသံက ပိုကျယ်ပါတယ်။ အခုချိန်ထိတော့ ရောင်းကုန်အဖြစ်မသတ်မှတ်သေးပါဘူး။
