ဟမ်ဘာဂါ တစ်လုံးကို ၂၇ စက္ကန့်နဲ့ ပြုလုပ်ပေးနိုင်တဲ့စက်ရုပ်ကို အသုံးပြုနေတဲ့ စားသောက်ဆိုင်
ကယ်လီဖိုးနီးယားပြည်နယ် Los Gatos ကစားသောက်ဆိုင်ဟာစက်ရုပ်နဲ့ ဟမ်ဘာဂါကိုပြုလုပ်ရောင်းချပေးပါတယ်။
အဲဒီစက်ရုပ်က ၂၇ စက္ကန့်တည်းနဲ့ ဟမ်ဘာဂါ ပြုလုပ်ပေးနိုင်ပါတယ်။
စားသုံးသူတွေအနေနဲ့ ကိုယ်စားမယ့် ဟမ်ဘာဂါထဲမှာ ဘာတွေထည့်ချင်တယ်ဆိုတာ ကြိုမှာထားလို့ရကာ စက်ရုပ်က လိုအပ်တဲ့Toppings တွေကို ထည့်သွင်းပြင်ဆင်ပေးနိုင်ပါတယ်။ စက်ရုပ်ထားတဲ့ အားသာချက်ကတော့မြန်ဆန်မှု နဲ့ အလုပ်အပေါ်မှာအာရုံစိုက်နိုင်မှုရှိကာ လူသားဝန်ထမ်းလို ပျင်းတာ အပါးခိုတာမျိုးမရှိပါဘူး။
